ယင်းမာပင်မြို့အားဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့

0
206

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့အားဗဟိုပြု၍ ဖေဖော်ဝါရီ ၂၅ ရက်(ယနေ့)နေ့လည်ပိုင်းက အင်အားအနည်းငယ်ရှိသည့် ငလျင်လှုပ်ခတ်ခဲ့သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယနေ့နေ့လည် ၃ နာရီ ၄၁ မိနစ် ၁ စက္ကန့်က ယင်းမာပင်မြို့၏ အနောက်-အနောက်မြောက်ဘက် (၁၇)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၁၃ ဒီဂရီ၊အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၆၄ ဒီဂရီ၊ အနက် (၇၄)ကီလိုမီတာအားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here