ဧရာဝတီယူနိုက်တက်ကို ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့တဲ့ အား/ကာသိပ္ပံ (ISPE) အသင်း

0
147

ဧရာဝတီယူနိုက်တက်အသင်းနဲ့ အား/ကာသိပ္ပံ (ISPE) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ အား/ကာသိပ္ပံ (ISPE) အသင်းက ၂ ဂိုး ဂိုး မရှိရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

၂၀၂၃ မြန်မာနေရှင်နယ်လိဂ် Week (2) အစောဆုံးပွဲစဉ်အဖြစ် ယနေ့ ညနေ ၄ နာရီအချိန်က သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ ခြေစွမ်းပိုမိုတ်ိုးတက်လာတဲ့ အား/ကာသိပ္ပံ (ISPE) အသင်းဟာ ဧရာဝတီယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဒီနေ့ပွဲစဉ်မှာ ‌အကောင်းဆုံးယှဉ်ပြိုင်သွားနိုင်ခဲ့ပြီး ပထမပိုင်း ၂၄ မိနစ်မှာ ၀င်းပြည့်မောင်ရဲ့ သွင်းဂိုး၊ ဒုတိယပိုင်း ၆၄ မိနစ်မှာ သူရိန်ထွန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိသွားပါတယ်။

အား/ကာသိပ္ပံ (ISPE) အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ မြန်မာနေရှင်နယ်လိဂ် Week (1) တုန်းက လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်နဲ့ ယှဉ်ပြိုင်ခဲ့တုန်းကလည်း ခြေစွမ်းပြခဲ့ပြီး အဆုံးသတ်မသေချာမှုတွေကြောင့်သာ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here