ဘင်္ဂလား​ဒေ့ရှ် နှင့်အဒါနီအုပ်စုတို့ချုပ်ဆိုထား​သော လျှပ်စစ်စာချုပ်ကိစ္စအငြင်းပွား​နေ

0
252

ယခုအခါတွင်အိန္ဒိယ ဘီလီယံနာ အဒါနီ (အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့်နီးကပ်​သော ဆက်ဆံ​ရေးရှိသူ)၏ စီးပွားရေးမှာ ကမ္ဘာလုံးဆိုင်ရာ စိစစ်မှုနှင့်ကြုံ​နေရချိန်ဖြစ်သည်

အဒါနီအုပ်စုနှင့် သဘောတူညီချက်များ​လက်မှတ်ထိုးထားသည့်တောင်အာရှနိုင်ငံများက  စာချုပ်များအားပြန်လည်သုံးသပ်ဖို့ တောင်းဆိုနေကြသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း ၂၀၁၇ ခုနှစ်တွင် အဒါနီနှင့်ချုပ်ဆိုခဲ့​သော လျှပ်စစ် စာချုပ်အား ပြန်လည်ပြင်ဆင်​ပေးရန် တောင်းဆို​နေသည်။

“သဘောတူညီချက်ကို ပြန်လည်ပြင်ဆင်ဖို့ အိန္ဒိယကုမ္ပဏီနဲ့ ကျွန်တော်တို့ ဆက်သွယ်ထားပါတယ်” ဟု ဘင်္ဂလား​ဒေ့ရှ်အစိုးရပိုင် BPDB မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၁၅ခုနှစ်ကလာ​ရောက်သည့် ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အား “ဘင်္ဂလားဒေ့ရှ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ သွယ်တန်းရေးနှင့် ဖြန့်ဖြူးရေးကဏ္ဍတွင် အိန္ဒိယကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်လို​ကြောင်းနှင့်အဆင်ပြေစေရန်”တောင်းဆိုခဲ့ဖူးသည်။

အိန္ဒိယအစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများမှဘင်္ဂလားဒေ့ရှ်သို့ ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံတန်ဖိုးရှိလျှပ်စစ်ဓာတ်အားများရောင်းချရန် သဘောတူညီမူရခဲ့သည်။

Source:thediplomat


LEAVE A REPLY

Please enter your comment!
Please enter your name here