ပြည်တွင်းရွှေဈေးနှုန်း တဖြည်းဖြည်းကျဆင်းလာ

0
159

ကမ္ဘာ့ရွှေဈေးကျဆင်းမှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းမှာ ကျပ် ၂၈၄၃၀၀၀ ဖြင့်တဖြည်းဖြည်း ကျဆင်းလာပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင် အသင်းမှ ရွှေဆိုင်များနှင့် ရွှေကုန်သည်များအနေဖြင့် မီးလင်းရွှေတစ်ကျပ်သားလျှင် ၂၇၉၀၀၀၀ ကျပ်ဖြင့် ရောင်းချရန်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း  ရွှေဈေးနှုန်းကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဈေးနှုန်းကိုလည်း ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ ထုတ်ပြန်ထားခြင်းမဟုတ်ဘဲ အသင်း၏သုံးသပ်ချက်အရ ဖြစ်သင့်သည့်ဈေးနှုန်းကို ထုတ်ပြန်ပေးခြင်းဖြစ်ကြောင်း  အသိပေးထားသည်။ 

ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးမှာအကျပိုင်းတွင်ရှိနေပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၁၀ ကျပ်ဖြစ်ပြီး အသင်း၏ ကြမ်းခင်းရည်ညွှန်းဈေးနှုန်းမှာလည်း ကျပ် ၂၁၃၂၄၀၀ ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here