မြေပွဲစား၏နေအိမ်အား ဓားမြဝင်တိုက်ရာအိမ်လည်​ရောက်​နေသည့် ဒု-ရဲမှူးကိုပါပစ်သတ်သွား

0
210

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊(ဋ)ရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၅ ရက်ည ၆ နာရီခွဲကျော်ခန့်က အမည်မသိလူတစ်စုမှ ဆိုင်ကယ် ၃ စီးဖြင့် ပြည်ကြီးတံခွန်မြိုနယ်၊(ဋ)ရပ်ကွက်၊ညောင်ပင်ကုန်းကျေးရွာနေ ဒေါ်ခင်လှ(မြေပွဲစားလုပ်ကိုင်သူ)၏ နေအိမ်သို့ရောက်ရှိလာခဲ့ကြသည်။

ထို့နောက် သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများနှင့်ပိုက်ဆံများအားတောင်းယူကာ ယင်းနေအိမ်သို့အလည်ရောက်ရှိနေသည့် ဒု-ရဲမှူးဝင်းမင်းသန့်(၄၉)နှစ်(မြစ်ငယ်မီးရထားတပ်ဖွဲ့မှူး)ကိုလည်း သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဒု-ရဲမှူးဝင်းမင်းသန့်မှ ကျည်ထိမှန်ဒဏ်ရာ ၂ ချက်ရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဓားပြတိုက်သူများသည် ဒု-ရဲမှူးဝင်းမင်းသန့်ကိုင်ဆောင်သည့် ခြောက်လုံးပြူးသေနတ်နှင့်စကားပြောစက်တို့ကိုလည်း ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

“သူတို့ ဓားပြတိုက်နေတုန်း ဒု-ရဲမှူးရဲ့အိတ်ထဲကစကားပြောစက်ကနေ အသံထွက်လာတာနဲ့ ဒု-ရဲမှူးကိုသေနတ်နဲ့ပစ်သတ်သွားကြတာ နေရာမှာပဲအသက်ထွက်သွားပါတယ်။ အခုဓားပြတိုက်ခံရတဲ့အိမ်က ဒု-ရဲမှူးဇနီးရဲ့အမအိမ်ပါ။ လုံခြုံရေးအဖွဲ့တွေကတော့ ဖြစ်စဥ်သိတာနဲ့ချက်ခြင်းဖမ်းဆီးရမိဖို့ကိုလုပ်ဆောင်နေကြပါတယ် ။ပြစ်မှူကျူးလွန်သွားတဲ့လူတွေက ၇ ယောက်/၈ ယောက်လောက်ရှိတယ်” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြော သည်။

ဓားပြတိုက်မှုကျူးလွန်ခဲ့ကြသည့် လူတစ်စုသည် ငွေကျပ်သိန်း ၃၀၀ ကျော်နှင့်ရွှေထည်ပစ္စည်းအချို့အား လုယက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here