တူရကီငလျင်များနှင့်ပတ်သက်၍ လူ ၆၁၂ ဦးကို စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း တရားရေးဝန်ကြီးဆို

0
161

တူရကီနိုင်ငံတွင် ဖေဖေါ်ဝါရီ ၆ ရက်နေ့က လှုပ်ရှားခဲ့သော ငလျင်များကြောင့် ပျက်စီးဆုံးရှုံးခဲ့ရခြင်းများနှင့်ပတ်သက်၍ စုစုပေါင်း လူ ၆၁၂ ဦးကို စုံစမ်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိပြီး၊ ယင်းတို့အနက်မှ ၁၈၄ ဦးကို စစ်ဆေးနေစဉ်ကာလအတွင်း ထိန်းသိမ်းထားကြောင်း တူရကီနိုင်ငံ တရားရေးဝန်ကြီး Bekir Bozdag က ပြောကြားသည်။

အဆိုပါ ထိန်းသိမ်းခံရသူများမျာ ဆောက်လုပ်ရေး ကန်ထရိုက်တာများနှင့် အဆောက်အအုံပိုင်ရှင် သို့မဟုတ် မန်နေဂျာများပါဝင်ကြောင်းကိုလည်း ဝန်ကြီးကပြောသည်။ တူရကီနိုင်ငံ အရှေ့တောင်ပိုင်း Diyarbakir ရှိ ညှိနှိုင်းရေးစင်တာတစ်ခုမှနေ၍ ရုပ်မြင်သံကြားမှတစ်ဆင့် ထိုသို့ မှတ်ချက်ပြုပြောကြားလိုက်ခြင်းဖြစ်သည်။

“အဆောက်အအုံတွေနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို စုံစမ်းထောက်လှမ်းခြင်းဟာ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေအတွက် အခြေခံအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်” ဟု Bozdag က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၆ ရက်က ပြင်းအား ၇ ဒသမ ၈ နှင့် ၇ ဒသမ ၆ ရှိ ငလျင်လှုပ်ခတ်ပြီးနောက် တူရကီတောင်ပိုင်းတွင် သေဆုံးသူ ၄၄၀၀၀ ကျော်နှင့် ဆီးရီးယားမြောက်ပိုင်းတွင် သေဆုံးသူ ၅၅၀၀ ကျော်ရှိကာ အကြီးအကျယ်ပျက်စီးခြင်းနှင့် ပြိုကျခြင်းများဖြစ်ပွားခဲ့သည့် အဆောက်အဦ စုစုပေါင်း ၁၇၃၀၀၀ ၏ တည်ဆောက်ပုံဆိုင်ရာ ကြံ့ခိုင်မှုကို ပြည်သူများက မေးခွန်းထုတ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here