လှိုင်မြို့နယ်တွင် လမ်းဖြတ်ကူးသည့် အမျိုးသားတစ်ဦး ကားတိုက်ခံရပြီး ဝင်တိုက်မိသည့် ကားကမောင်းနှင်ထွ က်ပြေး

0
460

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်တွင် ယ နေ့ ဖေဖော်ဝါရီ (၂၆) ရက် နေ့လယ်ပိုင်းက အမျိုးသား တစ်ဦး လမ်းဖြတ်ကူးစဉ် ကားတစ်စီးမှ ဝင်တိုက်မိခဲ့ပြီး ဝင်တိုက်သွားသည့်ကားမှာ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ယနေ့နေ့လည် (၁) နာရီ (၄၀) မိနစ်ခန့်က လှိုင်မြို့နယ်၊အ မှတ် (၁၆) ရပ်ကွက်၊ အင်းစိန်လမ်းမပေါ်ရှိ ဘုရားလမ်းကားမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းရွှေ ရောင်သမိုင်း လူမှုကူညီရေးအသင်းမှ သိရသည်။

ကားတိုက်ခံရသူမှာ အသက်(၂၅) နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ဦးခေါင်း၊ မျက်နှာနှင် လက်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ၎င်းအား ဝင်တိုက်မိသည့်ကားမှာမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“လမ်းဖြတ်ကူးတဲ့ အချိန်ဖြစ်သွားတာ။ သူ့ကိုဝင်တိုက်တဲ့ကားက ဘယ်လိုအမျိုးအစားဆိုတာတော့ ကျွန်တော်တို့လည်းမသိဘူး။ ကားအမျိုးအစားသီရအောင် အခင်းဖြစ်တဲ့နေရာနားက လူတွေကိုမေးကြည့်တော့လည်း မသိကြဘူးလို့ပြောတယ်။ ကားတိုက်ခံရတဲ့ ကောင်လေးက ခေါင်းပေါက်သွားတယ်။ မျက်နှာနဲ့ လက်ပွန်းပဲ့တာတွေရှိတယ်”ဟု ရွှေရောင်သမိုင်းအသင်း ဥက္ကဋ္ဌက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားအား ရွှေရောင်သမိုင်းအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် အင်းစိန်ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here