လယ်ယာကဏ္ဍတွင် စိတ်ဝင်စားသည့် ပြည်ပရင်းနှီး မြှုပ်နှံသူများရှိ

0
272

လယ်ယာကဏ္ဍတွင်လည်း စိတ်ဝင်စားသည့် ပြည်ပရင်းနှီး မြှုပ်နှံသူများ ရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥဣဌ ဦးရဲမင်းအောင်ကပြောကြားခဲ့သည်။

ပို့ကုန်သွင်းကုန်ကဏ္ဍ၊  နယ်စပ်ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်ငန်းကဏ္ဍများ တိုးမြှင့်ရေးဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးနှင့် တွေ့ဆုံစဥ်ပြောကြားခဲ့သည်။

ပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် Insurance  Sector မှာ ဈေးနှုန်းကြီးမြင့်နေသည့်အတွက်  နိုင်ငံတော်က ခိုင်ခိုင်မာမာ သတ်မှတ်ပေးစေလိုကြောင်း ​၂၄ ရက်နေ့က UMFCCI မှာလုပ်သည့်တွေ့ဆုံဆွေးနွေးပွဲတွင်ခဲ့ကြသည်။

လက်ရှိတွင်လည်း နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ပြည်ပသို့ဆန်/ဆန်ကွဲတင်ပို့မှုသည် နေ့စဥ်ကားအစီးရေ ၅၀ ဝန်းကျင်တရုတ်ဖက်ခြမ်းသို့ ပုံမှန်သွားနေကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်၏ ဆယ်လကျော်ကာလအတွင်းမြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး အဆိုပါတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၂ ဘီလီယံကျော်ရရှိထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here