မဟာအောင်မြေ ကျောက်ဝိုင်းအနီး ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ သက်ကြီးပိုင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိ

0
159

ယနေ့ ဖေဖေါ်ဝါရီ (၂၆) ရက် နံနက်ပိုင်းက မန္တလေးမြို့ ၊ မဟာအောင်မြေ ကျောက်ဝိုင်းအနီးတွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် အ မျိုးသမီး နှစ်ဦး စီးနှင်းလာသည့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၁၁) နာရီ ဝန်းကျင်က မဟာအောင်မြို့နယ် ၊ (၈၆) လမ်းနှင့် (၃၉) လမ်း ထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် (၆၀) ဝန်းကျင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဆိုင်ကယ်စီးနင်းလာသည့် အသက် (၆၀) ဝန်းကျင် အမျိုးသားမှာ မျက်နှာနှင့် ဦးခေါင်းတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိနစ်အတန်ကြာ သတိလစ်နေပြီး အနီးရှိ ပြည်သူလူထု၏ ဝိုင်းဝန်းကူညီမှုကြောင့် သတိပြန်လည်လာခဲ့ကြောင်း သိရသည်။

” သူက(၈၆)လမ်းအတိုင်း မောင်းလာတာပေါ့။ လမ်းထောင့်ရောက်တော့ (၃၉) လမ်းဘက်က ကွေ့လာတဲ့ ဆိုင်ကယ်နဲ့ မျက်နှာချင်းဆိုင် တိုက်မိတာ။ အရှိန်နဲ့ဆိုတော့ ဆိုင်က ယ်ပါ လဲသွားပြီး သတိလစ်နေတာ။ ဘေးက ဝိုင်းကူညီကြလို့ ပြန်သတိရလာတာ” ဟု မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ပြောသည်။

အဆိုပါ ဆိုင်ကယ်တိုက်မိမှုကြောင့် မျက်နှာနှင့် ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး နှားခေါင်းနှင့် ပါးစပ်အတွင်းမှ သွေးထွက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အခင်း ဖြစ်ပွားရာနေရာသို့ မဏိစလ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ရောက်ရှိလာကာ အရေးပေါ်က ယ်ဆယ်ရေးများ လုပ်ဆောင်ပေးပြီး လူနာအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here