အပြန်အလှန်သွင်းဂိုးတွေနဲ့ ပွဲရသ အပြည့်အ၀ပေးခဲ့တဲ့ရခိုင်ယူနိုက်တက်အသင်းနဲ့ ဒဂုံစတားယူနိုက်တက်

0
1039

၂၀၂၃ မြန်မာနေရှင်နယ်လိဂ် Week 2 ရဲ့ ဒုတိယမြောက်ပွဲစဉ်အဖြစ် ရခိုင်ယူနိုက်တက်အသင်းနဲ့ ဒဂုံစတားယူနိုက်တက်အသင်းတို့ ယနေ့ညနေပိုင်းက သု၀ဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

ပွဲစတယ်ဆိုထဲက အကြိတ်အနယ်ရှိခဲ့ပြီး ပွဲစဉ်ပြီးဆုံးသွားချိန်မှာတော့ ဒဂုံစတားယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို ၄ ဂိုး ၃ ဂိုး နဲ့အနိုင်ရရှိသွားပါတယ်။

ယခုနှစ်မှ မြန်မာနေရှင်နယ်လိဂ်ကိို တန်းတက်လာတဲ့ ဒဂုံစတားယူနိုက်တက်ရဲ့ ခြေစွမ်းဟာလည်း ပိုမိုတိုးတက်လာတာကို မြင်တွေ့ခဲ့ရပြီး စောင့်ကြည့်ရမယ့်အသင်းတွေထဲက အသင်းတစ်သင်းအဖြစ် ပါ၀င်လာပါတယ်။ 

မနက်ဖြန်မှာတော့ ဟံသာ၀တီယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်နဲ့ မြ၀တီအသင်းတို့ရဲ့ ပွဲစဉ်တွေရှိနေပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here