တ​ပေါင်းပွဲ၊ဥပုသ်​နေ့နှင့်တနင်္ဂ​နွေ​နေ့ဆုံသဖြင့် ​ရွှေတိဂုံရင်ပြင်တွင်ကြည်နူးစရာစုံလင်

0
177

ယနေ့ တ​ပေါင်းလဆန်း ၈ရက် ဥပုသ်​နေ့သည် တနင်္ဂ​နွေ​နေ့နှင့်တိုက်ဆိုင်သလို ​ဗုဒ္ဓပူဇနိယပွဲတော်လည်း ရှိ​နေသဖြင့် ရွှေတိဂုံဘုရား ရင်ပြင်တော်တွင် ဥပုသ်သည်များ၊ဘုရားဖူးများ များလှသည်။  

ဗုဒ္ဓကိုပူ​ဇော်ရင်း ပဌာန်းရွတ်ဖတ်​နေသည့် ပဋ္ဌာန်းတရားအသံတည်းဟူသော သဒ္ဒါရုံတို့ကို ဘုရာဖူးများ အာရုံပြုနာကြားခြင်း၊ မိမိတို့အုပ်စုလိုက် တန်​ဆောင်များတွင်သီလယူခြင်း၊ပွဲ​တော်တွင် ပဋ္ဌာန်းတရား ရွတ်ဖတ် သရဇ္ဈာယ် ပူဇော်ကြသည့် သံဃာ​တော်များအတွက် 

ဆွမ်းပြင်ဆင်လှူဒါန်းခြင်း စသည့်ကုသိုလ်အဖြာဖြာဖြင့် အလွန် ကျက်သ​ရေရှိလှသည့် မင်္ဂလာ ပွဲ​တော်အချိန်အခါ ကို​တွေ့မြင်ကြရသည်။

ရွှေတိဂုံစေတီတော်မြန်ကြီး၏ ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အား ဖေဖော်ဝါရီ ၂၄ ရက်မှစတင်ခဲ့ခါ မတ် ၅ ရက်အထိ ၁၀ ရက်တိုင်ကျင်းပသွားမည်ဖြစ်ပြီး သံဃာတော် ၁၂၀ ပါးမှ ၂၁၆ နာရီတိုင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်​နေမည် ဖြစ်သည်။

ထို့ပြင် မတ် ၄ ရက်ညနေ ၄ နာရီတွင်လည်း ရင်ပြင်တော်တစ်ပတ်ဆွမ်းဆန်တော်လောင်းလှူပွဲ၊ မတ် ၅ ရက်တွင် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ပိတ်ပွဲ(အောင်ပွဲ)နှင့်ရေစက်ချအနုမောဒနာအခမ်းအနားများကို ကျင်းပသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here