ဟိုပုံးမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလက စာမေး ပွဲတော်ကြီးတွင် ပရိယတ္တိပါလက ဓမ္မာစရိယ ဘွဲ့ရ ၂ ပါးအပါအဝင် ၁၁၇၀ ပါးအား အောင်လက်မှတ်များဆက်ကပ်

0
172

ရှမ်းပြည်နယ်၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သ၊ဟိုပုံးမြို့၏ သတ္တမအကြိမ်မြောက်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလကစာမေးပွဲတော်ကြီး၏ စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ခြင်းမင်္ဂလာအခမ်းအနားအား ဖေဖော် ဝါရီ ၂၆ ရက်(ယနေ့)နံနက် ၉ နာရီခွဲက လွယ်အွန့်ကျေးရွာအုပ်စု၊ဖာလွိုင်ဗွေလွန်းကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်တာဝန်ရှိသူများက ဓမ္မာစရိယဘွဲ့ရ ၂ ပါးအား အောင်လက်မှတ်နှင့်လှူဖွယ်ဝတ္ထူပစ္စည်းများအား ဆက်ကပ်ခဲ့ကြသည်။

ထို့ပြင် စာမေးပွဲတွင်ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဟိုပုံး၊တောင်ကြီး၊ဆီဆိုင်၊အောင်ပန်း၊ကျောက်တလုံးကြီး၊ပင်းတယ၊ ပင်လုံ၊ မိုးနဲ၊ ညောင်ရွှေမြို့ နယ်တို့မှ ဓမ္မာစရိယတန်း၊ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း၊ မူလတန်း၊ သေခိယတန်း၊ ပါဒကတန်းတို့မှ ရဟန်း ၊ သာမဏေ၊ သီလရှင် ၁၁၆၈ ပါးတို့ကိုလည်း အောင်လက်မှတ်နှင့်လူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယနေ့နံနက်ပိုင်းကလည်း ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်တာဝန်ရှိသူများ၊အလှူရှင်များက စာအောင်သံဃာတော်များ၊ရဟန်း၊သာမဏေ၊သီလရှင်များအား ဆွမ်းဆန်တော်များလောင်းလှူခဲ့ကြကြောင်း သိရသည်။

သတ္တမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလက စာမေးပွဲအား ဖေဖော်ဝါရီ ၁၉ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ ကျင်းပခဲ့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here