ထိုင်းတွင် မြန်မာပတ်စ်ပို့စ်ပြုလုပ်ပါက စာအုပ်ဖိုး ဘတ် ၁၂၅၀ ​ပေးသွင်းရမည်

0
193

လာမည့် မတ်လ ၁ ရက်မှစတင်ပြီး ထိုင်းတွင်ပတ်စ်ပို့အသစ်လုပ်မည့် မြန်မာတွေကို စာအုပ်ဖိုး ဘတ် ၁၂၅၀ ကောက်ခံသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက အသိပေးကြေညာထားသည်။

ထိုင်းနိုင်ငံသို့ အကြောင်းကိစ္စအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်မည့်သူများမှာ စာအုပ် (Passport စာအုပ်)ကြေး ၈၀၀ ဘတ် အစား ၁၂၅၀ ဘတ်နှုန်းဖြင့် သက်ဆိုင်ရာဘဏ်စာရင်းသို့ ပေးသွင်းရမည်ဟုဆိုသည်။

ယင်းအပြင် PJ နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်မည့်သူများသည် စာအုပ်ကြေး ၁၂၅၀ ဘတ်နှင့် OWIC ကဒ် ၂၅၀ ဘတ် စုစုပေါင်း ၁၅၀၀ ဘတ်နှုန်းကို သက်ဆိုင်ရာဘဏ်စာရင်းသို့ ပေးသွင်းကြရမည်ဖြစ်သည်။

စက်ရုံ၊ အလုပ်ရုံများနှင့် ဆောက်လုပ်ရေးကုမ္ပဏီကြီးများသို့ Mobile Team ဖြင့် လာရောက်၍ အချက်အလက်ကောက်ယူထားသူများအားလုံးသည် ၁၅၀၀ ဘတ်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး မတ်လ ဒုတိယပတ်တွင် Passport စာအုပ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here