မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ပို့ကုန်တန်ဖိုးမြင့်တက်ပြီး သွင်းကုန်တန်ဖိုးလျော့ကျလာ

0
191

ယခုဘဏ္ဍာနှစ်အတွင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ပို့ကုန်တန်ဖိုးမြင့်တက်ပြီး သွင်းကုန်တန်ဖိုးလျော့ကျလာကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနှမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ တရုတ်ဘက်သို့ ပို့ကုန်တင်ပို့မှုများ ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်လာသော်လည်း သွင်းကုန်တင်သွင်းမှုမှာ ဆက်လက်လျော့ကျနေဆဲဖြစ်ကြောင်း သိရသည်။ တရုတ်ဘက်မှ ဓာတ်မြေဩဇာ၊ ဆေးဝါး၊ စက်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းအပါအဝင် တခြား သွင်းကုန်ပစ္စည်းများ နေ့စဉ်တင်သွင်းမှု ပြုလုပ်နေပေမယ့် ယခုဘဏ္ဍာနှစ်၏ ၁၀ လကျော်ကာလအတွင်း အမေရိကန်ဒေါ်လာ ၂၅၅ သန်းကျော် တင်သွင်းမှု ပြုလုပ်ထားကြောင်းစာရင်းများအရ သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူတွင် အမေရိကန်ဒေါ်လာ ၂၉၂ သန်းကျော် တင်သွင်းမှု ပြုလုပ်ခဲ့သည့်အတွက် ကာလတူ တင်သွင်းမှု တန်ဖိုးထက် အမေရိကန်ဒေါ် ၃၇ သန်းကျော် လျော့ကျခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ပို့ကုန်တန်ဖိုးမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၈ ဘီလီယံပို့ကုန်ဝင်ငွေရရှိထားကြောင်း သိရသည်။ ပို့ကုန်သွင်းကုန် လိုင်စင်များ လျှောက်ထားရာတွင် အွန်လိုင်းစနစ်ဖြင့် လွယ်ကူစွာလျှောက်ထားနိုင်ရန် ဆောင်ရွက်နေသည့်အပြင် နယ်စပ်ကုန်သွယ်ရေးတွင် တရားမဝင်ကုန်သွယ်မှုများ ပပျောက်စေရေးအတွက်လည်း ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဖေဖော်ဝါရီလ ၂၄ ရက်နေ့က UMFCCI အသင်းချုပ်၌ ပြုလုပ်သည့် ပို့ကုန်သွင်းကုန်ကဏ္ဍ၊ နယ်စပ်ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်ငန်းကဏ္ဍများ တိုးမြှင့်ရေး ဆွေးနွေးပွဲတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here