ရန်ကုန်ယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက်တို့ နိုင်ပွဲဆက်

0
139

၂၀၂၃ မြန်မာနေရှင်လိဂ် Week (2) မှာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက်တက်တို့ နိုင်ပွဲဆက်ခဲ့ပါတယ်။

YUSC ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရန်ကုန်ယူနိုက်တက်နဲ့ မြ၀တီအသင်းပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ရန်ကုန်ယူနိုက်တက်တို့ ဇယားထိပ်မှာ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။

သု၀ဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဟံသာ၀တီယူနိုက်တက်နဲ့ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တို့ပွဲစဉ်မှာတော့ ရှမ်းယူနိုက်တက်က ၁ ဂိုး ၂ ဂိုး ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

အဲ့ဒီပွဲစဉ်မှာ ဟံသာ၀တီယူနိုက်တက်တို့ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပေမယ့် ရှမ်းယူနိုက်တက်က ခြေပဂိုးနဲ့ အနိုင်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့် ရန်ကုန်ယူနိုက်တက်နဲ့ ရမှတ်တူပေမယ့် ဂိုးကွာခြားချက်ကြောင့် အဆင့် ၂ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။

မနက်ဖြန်မှာတော့ မြန်မာနေရှင်နယ်လိဂ် ၂၀၂၃ Week 2 နောက်ဆုံးပွဲစဉ်အဖြစ် ကချင်ယူနိုက်တက်နဲ့ မဟာယူနိုက်၊ GFA အသင်းနဲ့ ရတနာပုံအက်ဖ်စီတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here