ပတ်စ်ပို့လျှောက်ရာတွင် လက်ခံရရှိခဲ့သည့် ကွန်ပလိန်းများကို ဖြေရှင်းပြီးဖြစ်၍ တစ်ရက်လျင် ၂၅၀၀ နှုန်းဆက်လက်ထုတ်ပေးသွားမည်

0
224

ပတ်စ်ပို့လျှောက်ထားရာတွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့်ပတ်သက်ကာ ပြင်ပ၌ကောလဟလသတင်းများထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ပတ်စ်ပို့ကိစ္စနဲ့ပတ်သက်ပြီး ကောလဟလတွေထွက်ခဲ့ပါတယ်။ ဒီနေ့မှာရုံးတွေပြန်ပိတ်တယ်ဆိုပြီး ပြောတာတွေရှိတယ်။ ဒါတွေကတော့ ကောလဟလသတင်းပဲဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ပတ်စ်ပို့လျှောက်ထားခြင်းနှင့်ပတ်သက်၍ Online စနစ်သစ်ဖြင့်ပြန်လည်လျှောက်ထားခွင့်ပြုခဲ့ခြင်းအား ဖေဖော်ဝါရီ ၂၄ ရက်တွင် နစက မှကြေညာ ချက်ထုတ်ပြန်ကာ ဆောင်ရွက်ခဲ့သည်ဟု ပြောသည်။

“အဲဒီလိုဆောင်ရွက်ခဲ့တဲ့အတွက် လျှောက်ထားသူ ၈၀၀၀ လောက်ရှိတယ် အဲဒီထဲက ဒီနေ့ ဖေဖော် ဝါရီ ၂၇ ရက်မှာ ၂၅၀၀ ထုတ်ပေးခဲ့တယ် ၂၃၀၀ ကျော်လောက်လာထုတ်ကြတယ် အဲဒီလိုလုပ်ပေးတဲ့နေရာမှာ စနစ်မှားယွင်းမှုကြောင့် တစ်ချို့ ကွန်ပလိန်းတွေကို ကျွန်တော်တို့လက်ခံရရှိခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ကွန်းပလိန်းများဖြစ်ပေါ်ရာတွင် အချို့ အဖွဲ့လိုက်လျှောက်ထားသူများအားလုံးဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကာ အဖွဲ့လိုက်လျှောက်ရာတွင် အချို့မှ ၅ ဦး အ ချို့မှ ၆ ဦးလျှောက်ထားခြင်းများရှိခဲ့သည်ဟု ပြောသည်။

“အဲလိုမျိုးစာရင်းသွင်းတဲ့အခါမှာ ၃ ဦးကဝင်လို့ရပြီး ၂ ဦးကကျန်ခဲ့တာရှိတယ် ကွန်ပလိန်းတွေကိုဘာ့ကြောင့်ဖြစ်ရလဲဆိုတာ ကျွန်တော်တို့လိုက်ဆန်းစစ်တယ် သူတို့ကိုပဲဦးစားပေးပြီးဖြေရှင်းပေးတယ်။ အဲဒါကြောင့် ဒီနေ့နေ့လည်ပိုင်းမှာတော့ အသစ်လက်မခံဘဲနဲ့ မှားယွင်းမှုပေါ့ ကွန်ပလိန်းတွေထဲက ဘာတွေဖြေရှင်းပေးရမလဲဆိုတာကိုတောက်လျှောက်လုပ်ခဲ့ပါတယ်။ ၆ နာရီလောက်မှာပြီးသွားပါတယ် ၆ နာရီခွဲလောက်မှာတော့ အား လုံးကိုပြန်ဖွင့်ပေးခဲ့ပြီးဖြစ်ပါတယ်။ ပုံမှန်လုပ်ငန်းတွေအတိုင်းပဲဆက်လက်ဆောင်ရွက်ပေးသွားမှာပါ ။ကျွန်တော်တို့ရည်မှန်းထားတာကတော့ တစ်ရက်ကို ၂၅၀၀ နှုန်းဆက်လက်ထုတ်ပေးသွားပါမယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here