ယူကရိန်းအား ထောက်ပံ့နေသော အမေရိက၏ စစ်အသုံးစရိတ်သည် အာဖဂန်စစ်ပွဲတွင် ၉ နှစ်ကြာ သုံးစွဲခဲ့သော စစ်အသုံးစရိတ်ထက် ပိုမိုများပြားလာ

0
210

ရုရှား-ယူကရိန်း အရေးအခင်းစတင်ချိန်မှစ၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ယူကရိန်းသို့ ထောက်ပံ့နေသော အမေရိက၏ စစ်ရေး အသုံးစရိတ်သည် ဒေါ်လာ ၄၆ ဒသမ ၆ ဘီလျံအထိ ရှိလာပြီဖြစ်သည်။

အဆိုပါ ငွေပမာဏသည် အာဖဂန်နစ္စတန်စစ်ပွဲတွင် ၂၀၀၁ မှ ၂၀၁၀ ပြည့်နှစ်အထိ ကိုးနှစ်ကြာ သုံးစွဲခဲ့သော စစ်အသုံးစရိတ် ဒေါ်လာ ၄၃ ဒသမ ၄ ဘီလျံထက် ပိုမိုများပြားနေကြောင်း သိရသည်။

ယူကရိန်းအတွက် အမေရိက၏ စစ်သုံးစရိတ်သည် အခြားသော ဗီယက်နမ်၊ အီရတ်နှင့် ကိုရီးယားစစ်ပွဲများတွင် သုံးစွဲခဲ့သည့် စစ်အသုံးစရိတ်နှင့် နှိုင်းယှဉ်ပါက နည်းပါးနေဆဲဖြစ်သော်လည်း ၄၆ ဘီလျံဟူသော ငွေပမာဏသည် တစ်နှစ်စာ စစ်အသုံးစရိတ်သာ ဖြစ်သဖြင့် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုများပြားလာနိုင်ချေရှိသည်။

ထိုသို့ထောက်ပံ့နေမှုများနှင့် ပတ်သက်၍ ရီပတ်ပဗ္ဗလစ်ကန် လွှတ်တော်အမတ်များက ဝေဖန်မှုများနှင့် အကူအညီများအား ပိတ်ဆို့သွားမည်ဟူသော ပြောဆိုနေသော်လည်း ကိယက်ဗ်ခရီးစဉ်အတွင်း ဘိုင်ဒင်က အမေရိကသည် ယူကရိန်းထံသို့ အကူအညီများ ဆက်လက်ပေးပို့သွားမည်ဟု ကတိပြုခဲ့သည်။

Source: Statista


LEAVE A REPLY

Please enter your comment!
Please enter your name here