မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နံပါတ် (၅) နေရာရှိနေသည့်အိန္ဒိယနိုင်ငံနှင့်ကုန်သည်စက်မှုအသင်းချုပ်တို့​​ဆွေး​နွေး

0
287

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်အဖြစ် နံပါတ် (၅) နေရာတွင်ရှိနေကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အသင်းချုပ်၌ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ India Myanmar Chamber of Commerce (IMCC) ၏ နာယက H.E. Mr. Shri Vinay Kumar ဦးဆောင်သည့် ကိုယ်စားလှယ် အဝင်များနှင့်  ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း ဦးဆောင်သော တာဝန်ရှိသူများတို့၏  တွေ့ဆုံပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် အိန္ဒိယနိုင်ငံသည်အကြီးဆုံး Export Destination များထဲမှ နံပါတ် (၄)၊ သွင်းကုန်အရင်းအမြစ်များထဲမှ နံပါတ် (၆) နေရာများတွင် ရှိနေကြောင်း၊ IMCC သည် မိမိတို့၏ အရင်းနှီးဆုံး စီးပွားရေးမိတ်ဖက်များထဲတွင် ပါဝင်ကာ နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အိန္ဒိယသံအမတ်ကြီးကလည်း မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အရေးကြီးသည့်ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်ပြီး အိန္ဒိယ၏ ပို့ကုန်ပါတနာလည်း ဖြစ်ကြောင်း၊ ယင်းအပြင် ဆိုလာစွမ်းအင်စီမံကိန်းအကောင်အထည်ဖော်နေမှုများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများကို ကျော်လွှားပြီး ရေရှည်လက်တွဲ ဆောင်ရွက်သွားနိုင်ရေး၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ သွင်းကုန်လိုင်စင်များဖြေလျှော့ပေးနိုင်ရေး၊ ပြည်တွင်း အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ ဆန်တင်ပို့မှုဆိုင်ရာကိစွရပ်များ၊ လျှပ်စစ်မီးတည်ငြိမ်စေရေး၊ ကုန်ကြမ်းများမပြတ်လပ်စေရေး၊ အိန္ဒိယ-မြန်မာ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးတို့ကို ​ဆွေး​နွေး​ခဲ့သည်။

ယခုဘဏ္ဍာနှစ် ဆယ်လကျော်ကာလအတွင်းမှာလည်း မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၉ ဒသမ ၃၅ သန်းကျော်နှင့် သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၆ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here