အထပ်မြင့် မိုးမျှော်တိုက်ကြီးအရွယ်အစားရှိ ဥက္ကာခဲကြီး ၃ခု ယခုရက်ပိုင်းအတွင်း ကမ္ဘာအနီးမှ ဖြတ်သန်းသွားမည်ဟု နာဆာသတိပေး

0
254

အထပ် ၄၀ မျှအမြင့်ရှိသော မိုးမျှော်တိုက်ကြီးများ အရွယ်အစားရှိသည့် ဥက္ကာခဲကြီး ၃ ခုသည် ယခု ရက်ပိုင်းအတွင်း ကမ္ဘာအနီးမှဖြတ်သန်းသွားမည်ဖြစ်ကြောင်း နာဆာက သတိပေးချက်တစ်ရပ်ထုတ်ပြန်ထားသည်။

ယင်းတို့မှာ ကမ္ဘာကို ခြိမ်းခြောက်မှုမရှိသော်လည်း နာဆာကမူ အန္တရာယ်ဖြစ်ပေါ်လာနိုင်ချေရှိသော ဂြိုဟ်သိမ်များအဖြစ်သတ်မှတ်ထားသည်။ ဆိုလိုသည်မှာ အဆိုပါ ဥက္ကာခဲကြီးများသည် ကမ္ဘာကိုမထိပဲဖြတ်သန်းသွားမည်ဖြစ်သော်လည်း အကယ်၍ လမ်းကြောင်းအနည်းငယ်ပြောင်းသွားပါက ကမ္ဘာကို ထိမှန်နိုင်ပြီး ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် ဖြစ်သည်။

လက်ရှိတိုင်းတာတွက်ချက်ထားသမျှအရမူ အဆိုပါ ဥက္ကာခဲကြီး ၃ခုတို့သည် ကမ္ဘာမှ ပျမ်းမျှအကွာအဝေး မိုင် ၂ ဒသမ ၂ သန်းအကွာအဝေးမှဖြတ်သန်းသွားမည်ဖြစ်ကြောင်း နာဆာကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here