သန်လျင်တံတားပေါ်ရှိ CNG ပိုက်လုံးဘေး ရထားလမ်း ဇလီဖားတုံးမီးလောင်ရာအချိန်မှီငြိမ်းနိုင်သဖြင့်ပျက်စီးမှုမရှိ

0
236

ရန်ကုန်တိုင်းရှိ သာကေတမြို့နယ်နှင့်သန်လျင်မြို့နယ်တို့အား ဆက်သွယ်ထားသည့် သန်လျင်တံ တားပေါ်တွင် ဖေဖော်ဝါရီ ၂၈ ရက်(ယနေ့)မွန်းတည့် ၁၂ နာရီခန့်က တံတားအလယ်တွင် CNG Gas ပိုက်လိုင်းဘေးရှိ မီးရထားသံလမ်းဇလီဖားတုံးမှာ မီးလောင်ကျွမ်းခဲ့ကြောင်း မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။

ဖြစ်စဥ်အား ဖြတ်သန်းသွားသည့် မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းက ရေသန့်တင်ကား၏အကူအညီဖြင့် ရေသန့်ဗူးများဖြင့် ငြှိမ်းသတ်ပေးခဲ့ကြရသည်။

“ကျွန်မတို့က တံတားပေါ်ကနေဖြတ်သွားတဲ့အချိန် တံတားအလယ်တည့်တည့်ရောက်တော့ မီးခိုးတွေထွက်နေတာတွေ့လို့ဆင်းကြည့်တာ ဇလီဖားတုံးမီးလောင်နေတာတွေ့လို့ ရေသန့်ဗူးတွေနဲ့ဝိုင်းငြှိမ်းပေးခဲ့တာပါ ။ပျက်စီးမှုကတော့မရှိဘူး ကျွန်မတို့တွေ့တာစောသွားတယ်။ ဘေးကပ်ရက်မှာက CNG ပိုက်လိုင်းရှိတယ်”ဟု မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်အား သာကေတမြို့နယ်မီးသတ်စခန်းနှင့်သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်းတို့က လာရောက်ကူညီပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here