မင်းသားကြီး စတီဗင် ဆီဂဲလ်ကို ပူတင်က ရုရှားနိုင်ငံ၏ Order of Friendship ဆုချီးမြှင့်

0
166

လန်ဒန်၊ ဖေဖော်ဝါရီ ၂၈

ရုရှားသမ္မတ ပူတင်သည် ဟောလိဝုဒ် အက်ရှင်မင်းသားကြီး စတီဗင် ဆီဂဲလ်အား ရုရှားနိုင်ငံ၏ Order of Friendship ဆုကို ဖေဖော်ဝါရီလ ၂၇ ရက် တနင်္လာနေ့တွင် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရုရှား၊ အမေရိကနှင့် ဂျပန်နိုင်ငံတို့ကြား ယဉ်ကျေးမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များကို ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ အထူးကိုယ်စားလှယ်အဖြစ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့ခြင်းကြောင့် ယင်းဆုကို ဆီဂဲလ်က ရရှိခဲ့ခြင်းဖြစ်သည်။

အသက် ၇၀ အရွယ် အမေရိကန်နိုင်ငံဖွား ရုပ်ရှင်မင်းသားကြီး ကိုယ်ခံ အားကစားသမား ဆီဂဲလ်သည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်နေသူဖြစ်ပြီး ပူတင်၏ လုပ်ဆောင်ချက်များကို ထောက်ခံအားပေးသူဖြစ်သည်။

ထို့ကြောင့် ၂၀၁၆ ခုနှစ်တွင် ပူတင်ကိုယ်တိုင် ဆီဂါလ်အား ရုရှားနိုင်ငံကူးလက်မှတ်ကို ပေးအပ်ခဲ့သည့်အပြင် ၂၀၁၈ ခုနှစ်တွင် ရုရှား၏ အမေရိကန်ဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here