ရတနာပုံကို အနိုင်ယူခဲ့တဲ့ GFA နဲ့ နိုင်ပွဲရှာတွေ့ခဲ့တဲ့ မဟာယူနိုက်တက်

0
107

၂၀၂၃ မြန်မာနေရှင်လိဂ် Week (2) ရဲ့ နောက်ဆုံးပွဲစဉ်တွေအဖြစ် ကချင်ယူနိုက်တက်နဲ့ မဟာယူနိုက်၊ GFA အသင်းနဲ့ ရတနာပုံအက်ဖ်စီတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့အခါမှာ GFA အသင်းက ရတနာပုံကို အနိုင်ယူခဲ့ပြီး မဟာယူနိုက်တက်ကလည်း နိုင်ပွဲရှာတွေ့ခဲ့ပါတယ်။

YUSC ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကချင်ယူနိုက်တက်နဲ့ မဟာယူနိုက်တက်တို့ ပွဲစဉ်မှာ ‌နောက်ကျဂိုးတွေနဲ့ မဟာယူနိုက်တက်က ၂ ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

သု၀ဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ GFA အသင်းနဲ့ ရတနာပုံအက်ဖ်စီတို့ ပွဲစဉ်မှာတော့ GFA အသင်းက ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ရတနာပုံယူနိုက်တက်က ပင်နယ်တီကြောင့်သာ ချေပဂိုး ၁ ဂိုးသာ ရရှိခဲ့ပါတယ်။

ဒီနေ့ပွဲစဉ်တွေမှာ မဟာယူနိုက်တက်နဲ့ GFA တို့ နိုင်ပွဲရှာဖွေတွေရှိခဲ့ပြီး ရတနာပုံအက်ဖ်စီ အသင်းကတော့ မထင်မှတ်စွာနဲ့ပဲ ရှုံးပွဲ ကြုံတွေ့ခဲ့ရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here