Online မှတရားမဝင်လုပ်ငန်းများလုပ်ကိုင်သူ ၇၁ ဦးအား ဖမ်းဆီးထားပြီး​ငွေသိန်း၅၀၀၀ခန့်ရှိဘဏ်အ​ကောင့်များပါယာယီပိတ်ထား

0
232

Online အသုံးပြု၍ တရားမဝင်လောင်းကစားလုပ်ငန်းများလုပ်ကိုင်သူ ၇၁ ဦးအား လုံခြုံရေးအဖွဲ့ဝင်များက ဇန်နဝါရီ ၂၉ ရက်ညပိုင်းမှစတင်ကာ အသီးသီးဖမ်းဆီးရမိခဲ့သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များသည် Online အသုံးပြု၍ လောင်းကစားလုပ်ငန်း၊ကံစမ်းမဲဖောက်လောင်း ကစားလုပ်ငန်းနှင့်တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ဇန်နဝါရီ ၂၉ ရက်ည ၇ နာရီ၌ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY ၊ ငွေနှင်းဖြူသစ်ခွလမ်းရှိ အမှတ်(O-178)နေအိမ်မှ TTbet Online Game လောင်းကစားလုပ်ငန်းများလုပ်ကိုင်နေသည့် မို့မို့စံ(ခ)Yuki အပါအဝင် ၉ ဦးအား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်များအရ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ FMI CITYI ၊ ချင်းတွင်းလမ်းရှိ အိမ်အ မှတ်(FG-98)တွင် Golden Gift(Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)အား စီမံခန့်ခွဲလုပ်ကိုင်သူ အောင်ဖုန်းကျော်၊ထင်အောင်ကျော်(ခ)အယ်လစ် တို့အပါအဝင် ၁၉ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY ၊ ချင်းတွင်းလမ်းရှိ အိမ်အမှတ်(FG-95)မှ TTbet Online Game လောင်းကစားလုပ်ငန်းအား ကြီးကြပ်/စာရင်းကိုင်အဖြစ် လုပ်ကိုင်သူ အေးငြိမ်းသူ၊စိုင်းသီဟဇော် တို့အပါအဝင် ၁၉ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဇန်နဝါရီ ၃၀ ရက်နံနက် ၂ နာရီခွဲတွင်လည်း TTbet Online Game လောင်းကစားလုပ်ငန်းနှင့် Golden Gift(Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)များအား ဦးစီးစီမံခန့်ခွဲလုပ်ကိုင်သူ ရန်နိုင်ကျော်(ခ)အားဖု၊ ဖေဖော်ဝါရီ ၄ ရက်နေ့လည် ၃ နာရီခွဲတွင် ကျော်ဆန်းလင်း(ခ)အားချန် အပါအဝင် ၂၂ ဦး၊ ဖေဖော်ဝါရီ ၅ ရက်မွန်းတည့် ၁၂ နာရီခွဲခန့်တွင် ကျော်မျိုးအောင် တို့အားထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်များတွင် Online Game လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်းနှင့် တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သည့် အမှုပေါင်း ၅ မှုမှ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး(စုစုပေါင်း ၇၁ ဦး)အား ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ၎င်းတို့အသုံးပြုသည့် လက်တော့ ၁၆၄ လုံး၊လက်ကိုင်ဖုန်း ၁၄၀ လုံး၊ မော်နီတာ ၇ လုံး၊ပရင်တာ ၂ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ Desktop ၁ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ယာဉ်အမှတ် YGN 65-8888 Mercedes Benz အနက်ရောင် ၁ စီးနှင့် ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင် ၁ စီးတို့အားသိမ်းဆည်းရမိခဲ့သည်။

ပြစ်မှုကျုးလွန်ရာတွင် ဖွင့်လှစ်အသုံးပြုခဲ့သည့် ဘဏ်အကောင့်များနှင့် KBZ Pay ၊ Wave Pay အကောင့်တို့ရှိ ငွေကျပ် ၄၈၀၅ သိန်းခန့်နှင့် KBZ Pay အကောင့် ၁၄ ခုတို့ကိုလည်း ယာယီတားဆီးထိန်း သိမ်းထားကာ အကောင့်များအတွင်းရှိ ငွေများအား စိစစ်လျက်ရှိသည်။

ပြစ်မှုကျူးလွန်သူများအား ဥပဒေအရအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here