၄နိုင်ငံမှ ကုမ္ပဏီ၆ခုအကျိုးတူပူးပေါင်းလျှက်ရှိသည့် မြန်မာ-တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကCSR ၃၃၄ခုကို အမေရိကန်ဒေါ်လာ သန်း ၃၀နီးပါးသုံးခဲ့

0
119

မြန်မာ-တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းက ရှမ်းပြည်နယ် သီပေါမြို့နယ်တွင် ဆောင်ရွက်ပြီးစီးခဲ့သော လူမှုအကျိုးပြုလုပ်ငန်း CSR စီမံကိန်းများနှင့်ပတ်သက်သည့် သတင်းမှတ်တမ်း ဗီဒီယိုကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက သီပေါမြို့တွင် ရိုက်ကူးပြီးစီးခဲ့ကြောင်း သိရသည်။

ကုမ္ပဏီ၏CSRလူမူတာဝန်ယူမှုများမှာ သီပေါမြို့နယ်အတွင်းတွင် ဆေးပေးခန်းအဆောက်အအုံ ၂ ခု၊ ပညာသင်ကြားရေး ကျောင်းဆောင် ၆ ခုနှင့် ရေရှိရေးစီမံကိန်း ၂ ခု၊ စုစုပေါင်း လူမှုအကျိုးပြု CSR စီမံကိန်း ၁၀ ခုတို့ကို ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်များအတွင်း စုစုပေါင်း ကန်ဒေါ်လာ ၃သိန်းကျော်ခန့်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ၊ တောင်ကိုရီးယား၊ မြန်မာနှင့် တရုတ် နိုင်ငံ၄နိုင်ငံမှ ကုမ္ပဏီ၆ခုအကျိုးတူပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် မြန်မာ-တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် စီမံကိန်းစတင်တည်ဆောက်ချိန်မှသည် ၂၀၂၂ခုနှစ်စက်တင်ဘာလအထိ CSR စီမံကိန်းပေါင်း ၃၃၄ခုကို အမေရိကန်ဒေါ်လာ၂၉ ဒသမ ၈၈၂သန်း အကုန်အကျခံကာ မြန်မာနိုင်ငံတွင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ 

အဆိုပါ CSR စီမံကိန်းများတွင် မူလတန်းနှင့် အလယ်တန်းကျောင်းများအတွက် စာသင်ကျောင်းဆောင် ၁၉ဆောင်နှင့် ဧည့်ခန်းမ ၂ခု တို့ကို ဆောက်လုပ်လှူဒါန်းခြင်း၊ စားပွဲ၊ ထိုင်ခုံ၊ ကျောက်သင်ပုန်းစသည့် သင်ထောက်ကူပစ္စည်းများ လှူဒါန်းပေးအပ်ခြင်းလုပ်ငန်း ၂ခု၊ ဆေးပေးခန်း ၂ခန်း ဆောက်လုပ်လှူဒါန်းခြင်း၊ ဆေးရုံအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကွန်ရက်နှင့် လမ်းစသည့် အခြေခံအဆောက်အဦးများ ဆောက်လုပ်လှူဒါန်းခြင်းလုပ်ငန်း ၃ခု၊ ဆေးဘက်ဆိုင်ရာကိရိယာများ လှူဒါန်းပေးအပ်ခြင်းလုပ်ငန်း ၁ခု၊ လမ်း၊ တံတားစသည့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦးများ ဆောက်လုပ်လှူဒါန်းခြင်းလုပ်ငန်း ၂ခု၊ သက်ဆိုင်ရာဒေသများအတွက် ရေမျှော်စင်၊ ရေပေးဝေရေးလုပ်ငန်းအတွက် ဆောက်လုပ်လှူဒါန်းခြင်းလုပ်ငန်း ၂ခု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုလုပ်ငန်း ၃ခု အစရှိသည်တို့ ပါဝင်သည်။

မြန်မာ-တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံတွင် CSRလူမူ​စေးတာဝန်ယူမှု စီမံကိန်းပေါင်း ၃၆ ခုကို ယခုနှစ် ၂၀၂၂ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here