တောင်ဥက္ကလာပမြို့နယ်တွင် Taxi တစ်စီးမီးလောင်ပြီးကားမောင်းသူသေဆုံး

0
238

ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်၊အမှတ်(၇)ရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၈ ရက်(ယနေ့)ညပိုင်းက Taxi တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့ည ၈ နာရီခွဲခန့်က တောင်ဥက္ကလာပမြို့နယ်၊အမှတ်(၇)ရပ်ကွက်၊သစ္စာလမ်းမပေါ်တွင် Taxi ကားတစ်စီးမီးလောင်မှုဖြစ်ပွား၍ တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် ည ၈ နာရီ ၃၇ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် Taxi မောင်းသူမှာ သေဆုံးသွားခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

“ဟုတ်ပါတယ် ကားမောင်းတဲ့လူသေဆုံးပါတယ် ဖြစ်စဥ်က Taxi ကယာဥ်တိုက်မှုအရင်ဖြစ်တယ် ပြီးတော့မီးလောင်တာလို့ အခင်းဖြစ်တာကိုတွေ့လိုက်တဲ့လူတွေကပြောတယ် ကျွန်တော်တို့ကလည်း ကားမီးလောင်တယ်ဆိုတဲ့ဖုန်းသတင်းရတာနဲ့ချက်ခြင်းသွားပြီး ငြှိမ်းသတ်ပေးခဲ့တာပါ အလောင်းကိုဆေးရုံပို့ပေးလိုက်ပါပြီ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here