၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် လျှောက်လွှာတင်ထားသူ ၁၈၀၀၀၀ ခန့်ရှိ

0
115

လာမည့် မတ် ၈ ရက်မှစတင်ကျင်းပမည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်ထားသူ ၁၇၉၇၄၂ ဦးရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ၁၇၉၇၄၂ ဦးသည် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်‌ဖြေဆိုရန် လျှောက်လွှာတင်ထားသူများဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ် ၈ ရက်တွင် မြန်မာစာ၊ ၉ ရက်တွင် အင်္ဂလိပ်စာ၊ ၁၀ ရက်တွင် သင်္ချာ၊ ၁၃ ရက်တွင် ဓာတုဗေဒ၊ ၁၄ ရက်တွင် ရူပဗေဒ၊ ၁၅ ရက်တွင် ဇီဝဗေဒ/ဘောဂ ဗေဒ၊ ၁၆ ရက်တွင် ပထဝီဝင်၊ ၁၇ ရက်တွင် သ မိုင်း၊ ၁၈ ရက်တွင် စိတ်ကြိုက်မြန်မာစာတို့အား နံနက် ၉ နာရီမှမွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် တ က္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူ များ၏ လုံခြုံရေး၊ကျန်းမာရေးတို့အတွက် ပြည် ထဲရေးဝန်ကြီးဌာန၊ကျန်းမာရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here