ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ဆောင်ရွက်ရာတွင် နိုင်ငံတော်အတွက် အဘက်ဘက်ကကြည့်ရှုစဉ်းစားမည်

0
144

ဖေဖော်ဝါရီ ၂၈ ရက်နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်အတွင်းရှိ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့မိမြို့ဖများအား တွေ့ဆုံစဥ် “လူတိုင်းက မိမိတို့ဒေသ၊ မိမိတို့တိုင်းပြည်ကိုဖွံ့ ဖြိုးတိုးတက်စေလိုပါတယ် ဒါ့ကြောင့် မိမိဒေသ၊တိုင်းပြည်ရဲ့ပကတိအခြေအနေနဲ့ကိုက်ညီပြီး ဖြစ်နိုင်တာနဲ့ဖြစ်သင့်တာတွေကို တွက်ချက်ဆောင်ရွက်ကြရပါမယ်”ဟု နစက ဥက္ကဋ္ဌက​ပြောကြားခဲ့သည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်အား ချမှတ်ထား​ကြောင်းကို “အမျိုးသားရေးလုပ်ငန်းစဉ် ၂ ရပ်အနေနဲ့ တိုင်းပြည်သာယာဝပြောရေး၊စားရေရိက္ခာဖူလုံရေးကို ဦးတည်ချက်ထားဆောင်ရွက်နေပါတယ် သာယာဝပြောရေးဟာ တည်ငြိမ်အေးချမ်းရေးနဲ့တိုက်ရိုက်ဆက်စပ်နေတဲ့အတွက် ဒေသတစ်ခုချင်းစီအလိုက် တည်ငြိမ်အေးချမ်းမှသာ ဒေသတွေနဲ့တိုင်းပြည်ဟာလည်း သာယာဝပြောလာမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် စီမံကိန်းများ အကောင်အထည်ဖော်ရာ၌ ဒေသတစ်ခုချင်းစီအလိုက် ၎င်းဒေသနှင့်ကိုက်ညီနိုင်မည့် စီးပွားရေးလုပ်ငန်းများအား ရေတိုရေရှည်တွက်ချက်ကာ ဘက်ပေါင်းစုံမှစဉ်းစားဆောင်ရွက်ရမည်ဟု ဆို သည်။

ထို့ကြောင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းအား ပြည်ပကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျောက်ဖြူစက်မှုဇုန်ကိုလည်း စီမံဆောင်ရွက်လျက်ရှိသည်ဟု ဆို သည်။

“ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ဆောင်ရွက်ရာမှာ နိုင်ငံတော်အတွက် အဘက်ဘက်ကကြည့်ရှုစဉ်းစားပြီး အောင်မြင်အောင် ဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

စီးပွားရေး(MSME)လုပ်ငန်းများကို အားပေး​နေကာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အဓိကထားဆောင်ရွက်ဖို့အား​ပေးတိုက်တွန်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here