SME လုပ်ငန်းများအား ဥရောပသမဂ္ဂမှဆက်လက်ကူညီမည်

0
243

ပြည်တွင်းရှိ SME လုပ်ငန်းများကို ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း European Union in Myanmar (ဥရောပသမဂ္ဂ) က အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ဥရောပသမဂ္ဂ၏ ARISE PIus programme သည် စိုက်ပျိုးရေးကဏ္ဍနယ်ပယ်ရှိ အသေးစား ၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့်တောင်သူလယ်သမား ၆၀၀၀ကျော်တို့၏ ဝင်ငွေနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အချို့သောပံ့ပိုးမှုများ ကူညီပေးခဲ့သည်။

ပြည်တွင်း အသေးစား ၊ အလတ်စား SME လုပ်ငန်းများအတွက် ဥရောပသမဂ္ဂ၏ အစီအစဉ်မှ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးခြင်းနှင့် ရေရှည်တည်တံ့သည့်နည်းပညာမျှဝေခြင်းများလည်း ပြုလုပ်​ပေးထားသည်။

ယင်းအပြင် ARISE PIus programme တွင်စိုက်ပျိုးရေးရေထွက်ကုန်များအတွက် နိုင်ငံတကာကုန်သည်မှုအခွင့်အလမ်းများ ပါဝင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဥရောပနိုင်ငံတွေထံ လယ်ယာထွက်ကုန်ဖြစ်သည့် ကောဖီ၊ ပဲအမျိုးမျိုး ၊ အသီးအနှံတွေကို တင်ပို့လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here