ဂရိတွင် ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်၊ လူ ၂၆ ဦးကျော်သေဆုံး၊ ၈၅ ဦးဒဏ်ရာရရှိ

0
128

ဂရိနိုင်ငံမြောက်ပိုင်းတွင် ရထားနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိခြင်းကြောင့် လူ ၂၆ ဦးထက်မနည်း သေဆုံးကာ ၈၅ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဂရိမီးသတ်ဌာနက မတ်လ ၁ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။

ခရီးသည် ၃၅၀ ဦးကျော် တင်ဆောင်လာသော ရထားတစ်စင်းနှင့် ကုန်တင်ရထားတစ်စင်းတို့သည် ဂရိအလယ်ပိုင်းရှိ လာရစ္စာမြို့အနီး၌ အင်္ဂါနေ့ ညနေပိုင်း၊ သန်းခေါင်ရောက်ခါနီး အချိန်တွင် တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ဂရိမီးသတ်ဌာန၏ ပြောရေးဆိုခွင့်ရှိသူက ဗာတာကိုရားနစ်က ပြောကြားထားသည်။ 

မီးသတ်သမား ၁၅၀ ဦးကျော်သည် မီးသတ်ကား ၁၇ စီးနှင့် လူနာတင်ကား အစီး ၂၀ တို့နှင့်အတူ ကယ်ဆယ်ရေးတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရီးသည်တင်ရထားသည် အေသင်မြို့မှ တယ်ဆာလောနီကီမြို့သို့ ခရီးနှင်နေခြင်းဖြစ်သည်။ သေဆုံးသူဦးရေမှာ မြင့်တက်လာနိုင်ကြောင်း မီးသတ်ဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဂရိတီဗွီသို့ ပြောကြားထားသည်။

Source: စီအင်န်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here