ချယ်ရီသင်္ဘောပေါ်မှ အမျိုးသားကြီးတစ်ဦး မြစ်ထဲပြုတ်ကျ​သော်လည်း အချိန်မီကယ်တင်နိုင်ခဲ့

0
227

ပြည်တွင်းရေကြောင်းပိုင် ပန်းဆိုးတန်း-ဒလပြေးဆွဲပေးနေသည့် ချယ်ရီသင်္ဘောပေါ်မှ အသက် (၅၅)နှစ်အရွယ်ရှိ အမျိုးသားကြီးတစ်ဦးမြစ်ထဲပြုတ်ကျသွားခဲ့မှု မတ် ၁ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီခန့်က ဒလဆိပ်ကမ်းမှစတင်ထွက်ခွာစဥ် သင်္ဘောပေါ်မှတဆင့် သင်္ဘောနှင့်ဆိပ်ခံဘောကြားရှိ မြစ်အတွင်းသို့ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။

“ပြုတ်ကျသွားတာကိုမြင်လိုက်တယ် ဆိပ်ကမ်းကလူတွေကော သင်္ဘောပေါ်ကလူတွေကောဝိုင်းအော်ကြတာပေါ့။ ဆိပ်ကမ်းနားကလူတွေကချက်ချင်းဆင်းပြီးကယ်ပေးလိုက်တဲ့အတွက် အသက်ရှင်ပါတယ်”ဟု ဒလမြို့နယ်နေသူတစ်ဦးကပြောသည်။

သင်္ဘောပေါ်မှတဆင့် မြစ်ထဲသို့ပြုတ်ကျခဲ့သည့် အမျိုးသားကြီးသည် ကော့မှူးမြို့နယ်၊ဇီကုန်းကျေးရွာနေ ဦးလှဦး(၅၅)နှစ်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here