အောင်ဘာလေအထူးဆုကြီး (၂) ဆုကို မဟာလာဘံမှ ဆွတ်ခူးရရှိ

0
249

ယနေ့မတ်လ (၁) ရက်တွင် ၄၈ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီဖွင့်ပွဲ၌ အထူးဆုကြီး (၂) ဆုကို မဟာလာဘံမှ ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါ ကျပ် ၁၀၀၀ တန် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီစာအုပ်ပေါင်း လေးသိန်းကျော်နှင့် ထီလက်မှတ်ရောင်းရငွေမှာ ကျပ်သန်း ၄၆၀၀ ကျော်ရောင်းချနိုင်ခဲ့ပြီး ရောင်းရငွေ ၇၀ ရာခိုင်နှုန်းမှ ကျပ်သိန်း (၅၀၀၀) ဆု ၁ ဆု၊ ကျပ်သိန်း(၁၀၀၀) ဆု ၁ ဆုနှင့် ဆုတစ်ဆုချင်းစနစ်ဖြစ်သည့် ကျပ်သိန်း(၅၀၀)၊ကျပ်သိန်း (၂၀၀)၊ ကျပ်သိန်း(၁၀၀)၊ ကျပ်သိန်း (၅၀) ၊ ကျပ်သိန်း(၂၀) ၊ ကျပ်သိန်း (၁၀) နှင့် ဝေဝေဆာဆာပဒေသာစုမဲများ ဖြစ်သည့် ကျပ် (၃) သိန်း၊ ကျပ် (၂) သိန်း၊ကျပ် (၁)သိန်း၊ကျပ် (၅) သောင်းနှင့် ကျပ် (၁) သောင်းဆုတို့ပါဝင်သည်။

အောင်ဘာလေထီဖွင့်ပွဲအတွက် ထီစာအုပ်ပေါင်း လေးသိန်းကျော် နှင့် ထီလက်မှတ်ရောင်းရငွေမှာ ကျပ်သန်း ၄၆၀၀ ကျော်ရောင်းချနိုင်ခဲ့ကြောင်း ကြေညာချက်အရ သိရသည်။

ယင်းအပြင် ဘဏ္ဍာသိမ်းရငွေထဲမှ ကျပ် ၉၉ သန်းကျော်ကို ကျပ် (၁၀)သိန်း၊ ကျပ် (၃) သိန်း၊ ကျပ် (၂) သိန်း စုစုပေါင်း ဆုမဲအရေအတွက် ၄၅၄ ဆုကို ချီးမြှင့်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ထီစာအုပ် လေးသိန်း ခုနစ်သောင်းကျော် ရောင်းချခဲ့ပြီး ထီလက်မှတ် ရောင်းချရငွေသည်ကျပ်သန်း ၄၇၀၀ ကျော် ရှိခဲ့ကာ မရောင်းရသည့် ထီစာအုပ်တွေအတွက် ပုံနှိပ်ခသက်သာစေရန် ဖေဖော်ဝါရီလက စတင်ပြီး အောင်ဘာလေ ထီလက်မှတ်တွေကို အက္ခရာ ၇ လုံးဖြင့်သာ ပုံနှိပ်ရောင်းချခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်လများတွင် အက္ခရာ ၁၀ လုံးဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here