ရန်ကုန်-မန္တလေးအမြန်လမ်းတွင်ယနေ့ကားမှောက်မှုဖြစ်ပွား၊သတိထားပါအမြန်လမ်းမောင်းသူများ

0
254

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ၁၁၅ မိုင်အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင်တွင် မတ် ၁ ရက်မွန်းတည့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်စခန်းမှ သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ၁၁၅ မိုင်အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၁၀၇/၆ နှင့် ၁၀၇/၇ ကြားတွင် ကလေးငယ် ၁ ဦး၊ အမျိုးသား ၅ ဦးနှင့်အမျိုးသမီး ၁ ဦးတို့လိုက်ပါလာသည့် Suzuki Carry(အဖြူရောင်)ကား အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့သည်။

သတင်းအရ ၁၁၅ မိုင်အမြန်လမ်းမီးသတ်စခန်းနှင့်အမြန်လမ်းရဲတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ၁၁၅ မိုင် အမြန်လမ်းကြက်ခြေနီအသင်းမှ ဖြူးမြို့ပြည့်သူဆေးရုံသို့ပို့ဆောင်ပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here