၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ၏ ပထမအဆင့်ခြေစစ်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ ယူ-၂၀ အမျိုးသမီးကစားသမားစာရင်းထုတ်ပြန်

0
886

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ၏ ပထမအဆင့်ခြေစစ်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၀ အမျိုးသမီးကစားသမား ၂၃ ဦးစာရင်းအား အသိပေးထုတ်ပြန်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီး ယူ-၂၀ အသင်းအား မန်နေဂျာအဖြစ် ဒေါ်နှင်းစန္ဒာဦးမှတာဝန်ယူကာ နည်းပြချုပ်ဒေါ်စန်းစန်းသိန်း၊လက်ထောက်နည်းပြများအဖြစ် ဒေါ်နွယ်နွယ်တိုး၊ဒေါ်စန်းယုနိုင်နှင့်ဂိုးနည်းပြအဖြစ် ဒေါ်မေခင်ယမင်းတို့က တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ကစားသမားများအဖြစ် ဂိုး-မေဦးခင်၊ ဖီးဗေ၊ သူ ဇာအောင်၊ နောက်တန်း-ဖြူဖွေး၊ ယုယုနိုင်၊ ခင်ဌေးကြိုင်၊ ဒီဇင်ဘာနှင်း၊ ကြယ်စင်၊ ဖြူဖြူဝင်း၊ ဝေဖူးအိမ်၊ အလယ်တန်း-ဒေစီအောင်၊ နန်းချိုမွှေး၊ နှင်းပွင့်အေး၊ ဟေမာန်စိုး၊ ဇခါရိုရ်စီ၊ ကေသွယ်ဖြိုးဦး၊ ဝေဟင်ဖြိုး၊ စန္ဒာလင်း၊ မေသက်မွန်မြင့်၊ ရှေ့တန်း-ဇင်မိုးပြည့်၊ ယုယနိုင်၊ ယဉ်လွန်းအိမ်၊ ယွန်းဝတီလှိုင်တို့မှ ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် မတ် ၈ ရက်နေ့လည် ၃ နာရီခွဲတွင် ကမ္ဘော ဒီးယားအသင်း၊ မတ်လ ၁၂ ရက်နေ့လည် ၃ နာရီခွဲတွင် မလေးရှားအသင်းတို့နှင့်ယှဉ်ပြိုင်ရမည်ဖြစ် သည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းအား ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလကုန်ပိုင်းတွင် ပဏာ မ ကစားသမား ၃၈ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီးနောက် အပြီးသတ်ကစားသမားများအား ရွေး ချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းအား ပြီးခဲ့သည့်နှစ် အမျိုးသမီးလိဂ်ပြိုင်ပွဲဝင် က လပ်အသင်းများမှကစားသမားများ၊ ယူ-၁၉ နှင့် ယူ-၁၆ လက်ရွေးစင်များ၊ အား/ကာသိပ္ပံများမှ က စားသမားများနှင့်နေပြည်တော်တွင် ကျင်းပခဲ့သည့် တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲမှ ခြေစွမ်းပြခဲ့သော ကစားသမားများဖြင့် ဖွဲ့စည်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here