၂၀၂၃ ခုနှစ်အတွင်း မြန်မာ့စီးပွားရေး (၃ ဒသမ ၃) ရာခိုင်နှုန်း တိုးတက်မှုရှိမည်ဟု IMF ခန့်မှန်း

0
179

ယခု ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) သည် တိုးတက်မှုနှုန်း (၃ ဒသမ ၃) ရာခိုင်နှုန်းရှိမည်ဟု အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ (IMF) က ခန့်မှန်းထုတ်ပြန်ထားသည်။

IMF ၏ ခန့်မှန်းချက်အတွင်း ၂၀၂၂ ခုနှစ်တွင် GDP တိုးတက်မှုနှုန်း (၂) ရာခိုင်နှုန်းကနေ ယခု (၃ ဒသမ ၃) ရာခိုင်နှုန်းကို တိုးတက်လာခြင်းဖြစ်ကြောင်၊ လာမည့် ၂၀၂၄ ခုနှစ်တွင် (၃ ဒသမ ၄) ရာခိုင်နှုန်း တိုးတက်မှုရှိလာနိုင်ကြောင်း ဖော်ပြထားသည်။

မြန်မာ့ GDP တိုးတက်မှုနှုန်းသည် ဒေသတွင်းနိုင်ငံများဖြစ်ကြသည့် သီရိလင်္ကာ၊ စင်ကာပူ နှင့် လာအိုနိုင်ငံတွေထက် စီးပွားရေး ပိုမိုတိုးတက်မှုရှိမည်ဟု ခန့်မှန်းထားပြီးထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ထက် နှေးကွေးနေဆဲ ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်တွင်လည်း မြန်မာ့ GDP (၃) ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားသော်လည်း ၂၀၁၉ ခုနှစ်က ရရှိခဲ့သည့် တစ်ဦးချင်း GDP (၁၃) ရာခိုင်နှုန်းထက် နိမ့်ကျနေဆဲဖြစ်သည်။

မြန်မာ့စီးပွားရေး တိုးတက်မှုရှိမည်ဟု ကမ္ဘာ့ဘဏ်၊ ADB ၊ IMF စသည့် နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲအစည်းတွေကလည်း ခန့်မှန်းထားကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here