ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန် လိုက်နာရမည့်အချက်များ

0
165

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၏ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရာသီမရေးကူးစက်ကျရောက်ဖြစ်ပွားတတ်သည့် ကြက်ငှက်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ် ရေးနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

စားသုံးသူများလည်း ယခုရက်ပိုင်းတွင်းအသားနှင့်ဥတို့ကို ကျက်အောင်ချက်ပြုတ်စားရန်နှင့် ​မွေးမြူ​ရေးလုပ်သားများသတိပြုရန်တို့ကိုလည်းထုတ်ပြန်ထားသည်။

ကြက်ငှက်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်၍ ကြက်၊ဘဲ၊ငုံးခြံများတွင် ကူးစက်ကျရောက်ခြင်းမရှိစေရန် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုကာ စနစ်တကျမြှင့်တင်ရမည်ဟု အသိပေးထားသည်။

ထို့ပြင် ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများနှင့် ကြက် ၊ ဘဲငုံးအရှင်ဈေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်းများကို ပုံမှန်ပြုလုပ်ရမည်ဖြစ်ပြီး အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများကို ငှားရမ်းသုံးစွဲခြင်းမပြုရန်၊ လူနှင့်ယာဉ် အဝင်အထွက်တို့အား ထိန်းချုပ်ကန့်သတ်ရမည်ဟု အသိပေးခဲ့သည်။

ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများအတွင်း အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက်ကောင်းမွန်စေရေးကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကာ မွေးမြူရေးခြံအတွင်း ဝင်ရောက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း၊ လက်အိတ် အကာအကွယ်ပစ္စည်းများကို စနစ်တကျဝတ်ဆင်ရမည်ဖြစ်သည်။

ထို့အတူ ကြက်၊ငှက်များအား ကိုင်တွယ်ပြီးတိုင်းနှင့်ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများမှ ထွက်ချိန်တိုင်း၌ ဆပ်ပြာဖြင့်လက်ဆေးခြင်း၊တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်ခြင်းများကိုပြုလုပ်ရမည်ဖြစ်ပြီး အသားနှင့်ဥတို့ကိုလည်း သေချာစွာ ကျက်အောင်ချက်ပြုတ်စားသုံးရမည်ဟု နိုးဆော်သည်။

ကြက်၊ ငှက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံ ချက်ချင်းသတင်းပို့၍ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ရောဂါစူးစမ်းရှာဖွေခြင်းတို့အား သက်ဆိုင်ရာ ဌာန၊အဖွဲ့အစည်းများနှင့်ပူးပေါင်းပါဝင်ရမည်ဟု အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here