တောင်သူလယ်သမားနေ့အား အမှတ်ထင်ထင်ဆက်လက်ကျန်ရှိနေရေး တိုင်းရင်းသားပြည်သူအားလုံးမှ ကြိုးပမ်းဆောင်ရွက်ရန်တာဝန်ရှိ

0
111

မတ် ၂ ရက်(ယနေ့)တွင်ကျရောက်သည့် (၇၆)နှစ် မြောက် တောင်သူလယ်သမားနေ့အတွက် အမျိုး သားတိုးတက်ရေးပါတီ(NDP) ဗဟိုအလုပ်အမှု ဆောင်ကော်မတီက ဂုဏ်ပြုသဝဏ် လွှာ​ရေးသား​ပေးပို့ထားသည်။

လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက်လုံး နယ်ချဲ့တို့အား တောင်သူလယ်သမားများမှ ရရာလက်နက်ဆွဲကိုင်ဆန့်ကျင်တော်လှန်ခဲ့ကြရာမှ မျိုးချစ်စိတ် ပိုမိုပျံ့ပွားလာစေသဖြင့် တောင်သူ လယ်သမားအရေးတော်ပုံစတင်ခဲ့သည့်  မတ် ၂ ရက်အား တောင်သူလယ်သမားနေ့အဖြစ် သတ် မှတ်ဂုဏ်ပြုခဲ့သည်မှာ (၇၆)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်ဟု ရေးသားထားသည်။

ဂဠုန်ဆရာစံ ခေါင်းဆောင်သော ဂဠုန်တပ်ဖွဲ့နှင့်တောင်သူလယ်သမား အပေါင်းတို့၏ ပေးဆပ်ခဲ့ကြသည့် အသက်သွေး၊ချွေးတို့ဖြင့် မော်ကွန်းရေး ထိုးကမ္ဗည်းတင်ခဲ့သည့် ဂုဏ်ဒြပ်သည် မည်သည့်ခေတ်စနစ်များပြောင်းစေကာမူ မြန်မာနိုင်ငံတည် ရှိနေသရွေ့ အမှတ်ထင်ထင်ဆက်လက်ကျန်ရှိနေစေရန် တိုင်းရင်းသားပြည်သူအားလုံးမှ ကြိုးပမ်းဆောင်ရွက်ရန်တာဝန်ရှိသည်ဟု NDP ပါတီ၏ ဂုဏ်ပြုသဝဏ်လွှာ၌ရေးသားထားသည်။

တောင်သူလယ်သမားနေ့အဖြစ်သတ်မှတ်ဂုဏ်ပြုသည့် ယနေ့သည်(၇၆)နှစ်ပြည့်မြောက်ခဲ့ပြီမှန်သော်လည်း အရေးတော်ပုံအစပြုခဲ့သည့် ၁၉၂၀ ခုနှစ်၊မတ် ၂ ရက်နေ့မှ စတင်ရေတွက်ပါက  ၁၀၃ နှစ်ပြည့်ဖြစ်သည်ဟုလည်းသဝဏ်လွှာ၌ ရေးသား​ဖော်ပြထားသည်။

ဆန်စပါး၊သီးနှံထုတ်လုပ်မှုတို့နှင့်အတူ စိုက်ပျိုး ရေးအထောက်အကူပြုလုပ်ငန်းများအား ခေတ်ကာလနှင့်လျော်ညီစွာ နိုင်ငံတော်မှကူညီပံ့ပိုးတိုးမြှင့်ဆောင်ရွက်နိုင်ပါစေဟု NDP ပါတီမှဂုဏ်ပြုသဝဏ်လွှာရေးသားပေးပို့ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here