အထက်ပန်းဆိုးတန်းလမ်းနှင့်ဒေါ်သိန်းတင်လမ်းထောင့် မီးပွိုင့်တွင် ကား ၃ စီးဆင့်တိုက်

0
149

ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်းနှင့်ဒေါ်သိန်းတင်လမ်းထောင့်ရှိ မီးပွိုင့်တွင် မတ် ၁ ရက် ည ၁၁ နာရီခန့်က အထက်ပန်းဆိုးတန်းလမ်းနှင့်ဒေါ်သိန်းတင်လမ်းထောင့်မီးပွိုင့်တွင် အိမ်စီးကားတစ်စီးနှင့် Taxi ၂ စီးတိုက်မိခဲ့သဖြင့် မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ ကူညီကယ်ဆယ်မှုများပြုလုပ်ရန် သွားရောက်ခဲ့ကြသည်။

“အိမ်စီးကား အနီရောင်နဲ့ Taxi အဖြူရောင်က မီးပွိုင့်မှာအရင်တိုက်ပြီး ရပ်ထားတဲ့ အဝါရောင်ကိုထပ်တိုက်မိတာပါ ။တိုက်တဲ့အရှိန်ပြင်းတယ်​လေအိတ်ပါပွင့်သွားတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရတဲ့လူမရှိဘူး”ဟု မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြော သည်။

ဖြစ်စဥ်တွင် ကား ၃ စီးလုံးတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ ဝိုင်းဝန်းရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here