နိုင်ငံ့တာဝန်များအား စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူ ၅၄ ဦးအား သီရိပျံချီဘွဲ့နှင့်ဝဏ္ဏကျော်ထင်ဘွဲ့များချီးမြှင့်အပ်နှင်း

0
278

နစက ဥက္ကဋ္ဌမှ လွတ်လပ်ရေးရပြီး (၇၅)နှစ်တာကာလအတွင်း နိုင်ငံ့တာဝန်များအား စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူ ၅၄ ဦးအား စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် သီရိပျံချီဘွဲ့နှင့်ဝဏ္ဏကျော်ထင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခဲ့သည်ဟု မတ် ၂ ရက်(ယနေ့)တွင် အမိန့်ကြေညာစာအမှတ် ၇၇/၂၀၂၃ ဖြင့်ထုတ်ပြန်ခဲ့သည်။

လွတ်လပ်ရေးရပြီး (၇၅)နှစ်တာကာလအတွင်း နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အုပ်ချုပ်ရေး၊စီးပွားရေး၊လူမှုရေးနှင့်နိုင်ငံ‌တော်ဖွံဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံ့တာဝန်များအား စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသဖြင့် ချီးမြင့်အပ်နှင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ ချီးမြင့်အပ်နှင်းရာတွင် သီရိပျံချီဘွဲ့အား ၁၇ ဦး၊ဝဏ္ဏကျော်ထင်ဘွဲ့အား ၃၇ ဦးတို့ကို ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သည်။

ပြန်လည်ထူထောင်ရေးဌာန ဝန်ကြီးဦးရှိန်းထန်းအပါအဝင် ဝန်ကြီး ၆ ပါး၊ ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအပါအဝင် ဥက္ကဋ္ဌ ၈ ဦး၊ စာရင်းစစ်ချုပ်ရုံး စာရင်းစစ်ချုပ်ဦးခင်ဇော်၊ ကချင်ရေးရာဝန်ကြီး ဒူဝါဇော်ရစ်၊ ကရင်ရေးရာဝန်ကြီးစောလူးလူ တို့အား သီရိပျံချီဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့သည်။

ထို့ပြင် ဝဏ္ဏကျော်ထင်ဘွဲ့အား အလုပ်သမားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်မှီအပါအဝင် ဒု-ဝန်ကြီး ၁၁ ပါး၊ နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီး(ငြိမ်း)ဦးဝင်း အပါအဝင် သံအမတ်ကြီး (ငြိမ်း) ၂၁ ဦး၊ စက်မှုဝန်ကြီးဌာန၏ ဦးဆောင်ညွှန်ကြားရေးမှူး(ငြိမ်း)များဖြစ်သည့် ဦးညွှန့်အောင်၊ဦးသိုက်ထွန်း၊ ပညာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)များဖြစ်သည့် ဦးဘိုဝင်း၊ဒေါ်သန်းသန်းလင်း၊ဦးမောင်မောင်သန်းတို့အား ချီးမြင့်အပ်နှင်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here