ရှမ်း​မြောက်မှမန္တလေးတိုင်းသို့သယ်လာသည့်ဘိန်းဖြူ ၄၈ ကီလိုကျော်အား နောင်ချိုမြို့နယ်တွင်ဖမ်းမိ

0
160

ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်၊ကုန်းစံကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၂၁ ရက်နံနက် ၉ နာရီခန့်က လုံခြုံရေးအဖွဲ့ဝင်များသည် နောင်ချိုမြို့နယ်၊ကုန်းစံကျေးရွာအနီးတွင် ခေါင်လွမ်း မောင်းလာသည့် LANDCRUISER ကားအားသတင်းအရရှာဖွေစစ်ဆေးခဲ့ကြသည်။

ကားပေါ်မှ ငွေကျပ်သိန်း ၇၂၀၀ ကျော်တန်ဖိုးရှိ ဆပ်ပြာခွက် ၄၈၄၀ ခွက်ဖြင့်ထည့်ထားသည့် ဘိန်း ဖြူ(၄၈ ဒသမ ၄ ကီလို)အား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

စစ်ဆေးချက်အရ ဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းသို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ခေါင်လွမ်း အားသက်ဆိုင်ရာရဲစခန်း၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here