စံပြဆေးရုံရှေ့ရှိ ဆေးဆိုင်တွင်မီးလောင်မှုဖြစ်ပွား

0
364

ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်၊(ဆ/က)ရပ်ကွက် စံပြဆေးရုံရှေ့ရှိဆေးဆိုင်တွင် မတ် ၂ ရက်(ယနေ့)နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် ၁၁ နာရီ ၁၉ မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊(ဆ/က)ရပ်ကွက်၊ကျိုက္ကဆံဘုရားလမ်း၊စံပြဆေးရုံရှေ့ရှိဆေးဆိုင်တွင် မီးလောင်မှုဖြစ်ပွား၍ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နံနက် ၁၁ နာရီ ၂၆ မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး ဖြစ်စဥ်အား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“မီးလောင်ရတဲ့အကြောင်းရင်းကို စစ်ဆေးနေဆဲပါပဲ ကျွန်တော်တို့က ဝိုင်းကူငြှိမ်းပေးတာဖြစ်တဲ့အတွက် ဖြစ်စဥ်အကြောင်းအရာကို တာဝန်ရှိတဲ့လူတွေလောက်တော့မသိဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here