YBS ယာဉ်စီးခများ တိုးကောက်ခွင့်မပြုထားဟု YRTC ပြော

0
277

မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခတိုးကောက်ခွင့်မပြုထားကြောင်း YRTC မှသိရသည်။

မတ်လ ၁ ရက်မှစတင်ပြီး မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများမှ ယာဉ်စီးခကို ပြောင်းလဲကောက်ခံသွားမည်ဟု YBS စီးခရီးသည်များ၏ ပြောပြချက်အရ သိရသည်။ယခင်က ခရီးစဉ်တစ်ပိုင်းလျှင် ၃၀၀ ကျပ်၊ခရီးစဉ်အစအဆုံး ၄၀၀ ကျပ်ကောက်ခံနေခြင်းဖြစ်သည်။

“ ယာဉ်စီးခတွေကို ကျွန်တော်တို့ တိုးကောက်ခွင့်မပြုထားပါဘူး။ ကျွန်တော်တို့ဆီကိုလည်း လာပြီးတင်ပြထားတာမရှိဘူး။ တစ်ကယ်လို့ ယာဉ်စီးခပိုတောင်းတဲ့ယာဉ်လိုင်းတွေရှိရင် တိုင်ကြားလို့ရပါတယ်။ အဲဒီယာဉ်လိုင်းတွေကို အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ လက်ရှိကောက်ခံနေသည့် ယာဉ်စီးခနှုန်းထားမှာ ပုံသေ ၃၀၀ ကျပ်ဖြစ်ပြီး YPS ကတ်စနစ်ယာဉ်စီးခမှာ ၂၀၀ ကျပ်ဖြစ်ကြောင်းသိရသည်။ အများပိုင်ကုမ္ပဏီအဖြစ် မပြောင်းလဲရသေးသည့် တစ်ဦးချင်းပိုင်ယာဉ်လိုင်းများသည် ယာဉ်စီးခကို ၅၀၀ ကျပ်အထိ ကောက်ခံမှုများရှိနေခြင်းလည်းဖြစ်သည်။

အများပိုင်ယာဉ်လိုင်းအဖြစ်ပြောင်းလဲပြေးဆွဲရန် ၂၀၂၃ ခုနှစ် မေ ၃၁ ရက်အထိ သတ်မှတ်ပေးထားပြီး သတ်မှတ်ရက်အတွင်း အများပိုင်ကုမ္ပဏီကို ဝင်ရောက်ပြောင်းလဲခြင်းမရှိပါက CNG လုပ်ငန်းလိုင်စင်ပိတ်သိမ်းပြီး YBS ယာဉ်လိုင်းပြေးဆွဲခွင့် ပိတ်သိမ်းမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here