မြန်မာ- တရုတ် နှစ်နိုင်ငံကုန်သွယ်မှုမှ နှစ်လအတွင်း ယွမ်သန်း ၁၅၀ကျော်ရရှိ

0
260

၂၀၂၃ ခုနှစ်၏ မြန်မာ- တရုတ်နှစ်နိုင်ငံကုန်သွယ်မှုမှ နှစ်လအတွင်း ယွမ်သန်း ၁၅၀ ကျော်ရှိကြောင်း မြန်မာနိုင်ငံရှိ တရုတ်သံရုံးက ထုတပြန်ထားသည်။

တရုတ်-မြန်မာနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် နုံတောင်လမ်းကြောင်း၏ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုပမာဏသည် ယွမ် သန်း ၁၅၀ ရှိကြောင်း၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် တရုတ်-မြန်မာနယ်စပ် နုံတောင်လမ်းကြောင်း၏ ပိုကုန်သွင်းကုန်ပမာဏ တန်ချိန် ၈၀၀၀၀ ရှိကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် ကပ်ရောဂါဆိုင်ရာ မူဝါဒများ ပိုမိုကောင်းမွန်အောင် ပြင်ဆင်လာချိန်မှစ၍ နုံတောင်လမ်းကြောင်းတွင် ယာဉ်များ တိုက်ရိုက်ဝင်ထွက်သွားလာသည့် နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေးပုံစံ ကျင့်သုံးခဲ့ရာ နေ့စဉ် အဝင်အထွက် မော်တော်ယာဉ်အစီးရေ ၂၀၀ နှင့် ဂိတ်ဖြတ်သန်းသည့် ကုန်ပစ္စည်း တန်ချိန် ၂၆၀၀ ကို စစ်ဆေးနိုင်ကြောင်းလည်း သိရသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ မတ်လနောက်ပိုင်းကစပြီး ပိတ်ထားသည့် မန်ဝိန်း၊ နန်းတော်၊ ဆင်ဖြူ၊ ပန်ဆိုင်း ဂိတ်တွေကို ဇန်နဝါရီလ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး လူများဖြတ်သန်းသွားလာခွင့်ကိုပါ ခွင့်ပြုခဲ့ကြောင်း၊ယင်းအပြင် တရုတ်ဘက်မှ အစားထိုးယာဉ်မောင်းစနစ်(ရှန်တိန်) စနစ်ကို ပယ်ဖျက်ပေးလိုက်ပြီးနောက်ပိုင်းတွင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးသည် ယခင်ထက်ပိုမိုကောင်းမွန်လာကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here