SpaceX နှင့် NASA တို့သည် နိုင်ငံတကာအာကာသစခန်းသို့ အာကာသယာဉ်မှူးအသစ်များ စေလွှတ်

0
159

SpaceX နှင့် NASA တို့ပူးပေါင်း၍ နိုင်ငံတကာအာကာသစခန်းတွင် ခြောက်လခန့်ကြာသည်အထိ နေထိုင်ကြမည့် အာကာသယာဉ်မှူးအသစ်များကိုသယ်ဆောင်သည့် ဒုံးပျံကို အောင်မြင်စွာလွှတ်တင်ခဲ့သည်။

နာဆာ အာကာသယာဉ်မှူးနှစ်ဦး၊ ရုရှား အာကာသယာဉ်မှူးတစ်ဦးနှင့် ယူအေအီးနိုင်ငံမှ အာကာသယာဉ်မှူးတစ်ဦးတို့ တင်ဆောင်ထားသည့် အဆိုပါ ဒုံးပျံသည် ဖလော်ရီဒါပြည်နယ် ကိပ်ကာနာဗာရယ်လ်ရှိ နာဆာ၏ ကနေဒီအာကာသစင်တာမှ ဒေသစံတော်ချိန် ကြာသပတေးနေ့ နံနက် ၁၂ နာရီ ၃၄ မိနစ်တွင် ထွက်ခွာခဲ့သည်။

အာကာသယာဉ်မှူးများ တင်ဆောင်လာသည့် Crew Dragon အာကာသယာဉ်သည် ကမ္ဘာပတ်လမ်းကြောင်းသို့ ရောက်ရှိပြီးနောက် ဒုံးပျံမှ ခွဲထွက်ကာ နိုင်ငံတကာအာကာသစခန်းနှင့် ချိတ်ဆက်ခြင်းမပြုမီ အာကာသအတွင်း တစ်ရက်ခန့် လှည့်ပတ်နေမည်ဟု မျှော်လင့်ရသည်။ နိုင်ငံတကာ အာကာသစခန်းဆီသို့ သောကြာနေ့ နံနက် ၁း၁၇ နာရီတွင် ဆိုက်ကပ်ရန် စီစဉ်ထားသည်။

ကြာသပတေးနေ့တွင် လွှတ်တင်မှုသည် ယင်း ဒုံးပျံကို လွှတ်တင်ရန် ဒုတိယမြောက် ကြိုးပမ်းမှုဖြစ်သည်။ ပထမဆုံး လွှတ်တင်ရန် ကြိုးပမ်းမှုကို တာဝန်ရှိသူများ၏ တားမြစ်မှုကြောင့် တနင်္လာနေ့တွင် ဆိုင်းငံ့ခဲ့ရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here