အလွန်နိမ့်သော ကမ္ဘာပတ်လမ်းကြောင်းအတွင်း သွားလာမည့် ဂြိုလ်တု စက်တင်ဘာတွင် ပထမဆုံး တရုတ်လွှတ်တင်မည်

0
227

အလွန်နိမ့်သော ကမ္ဘာပတ်လမ်းကြောင်းအတွင်း သွားလာမည့် ဂြိုလ်တုများ တည်ဆောက်ရန် တရုတ်နိုင်ငံက စီစဉ်ဆောင်ရွက်နေပြီဖြစ်သကဲ့သို့ လာမည့် စက်တင်ဘာလတွင် ပထမဆုံး ပတ်လမ်းနိမ့်ဂြိုဟ်တုကို လွှတ်တင်မည် ဖြစ်ကြောင်း China Aerospace Science & Industry Corporation (CASIC) မှ သိရကြောင်း Global Times သတင်းဌာနက ရေးသားဖော်ပြထားသည်။

အလွန်နိမ့်သော ကမ္ဘာပတ်လမ်းကြောင်းဆိုသည်မှာသည် ကမ္ဘာမြေမှ အမြင့် ကီလိုမီတာ ၁၅၀ မှ ၃၀၀ အတွင်းကို ရည်ညွှန်းသည်။ သမားရိုးကျ ပတ်လမ်းများနှင့် နှိုင်းယှဉ်ပါက အလွန်နိမ့်သော ကမ္ဘာပတ်လမ်းကြောင်းတွင် ပျံသန်းနေသော ဂြိုလ်တုများသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများအတွက် စရိတ်စက နည်းပါးပြီး သတင်းအချက်အလက် ရယူခြင်းနှင့် ထုတ်လွှင့်ခြင်းတွင် စွမ်းဆောင်ရည် မြင့်မားသည်။

အလွန်နိမ့်သော ကမ္ဘာပတ်လမ်းကြောင်းသွား ဂြိုလ်တုများသည် ပတ်လမ်းမြင့်ဂြိုဟ်တုများနှင့် နှိုင်းစာလျှင် ပို့ဆောင်ရသည့် အလေးချိန်နှင့် ကုန်ကျစရိတ်များစွာ သက်သာသည်။ ၎င်းတို့သည် သဘာဝဘေးအန္တရာယ်များနှင့် အခြားအရေးပေါ်အခြေအနေများကိုလည်း လျင်မြန်စွာ သိရှိတုံ့ပြန်နိုင်ပြီး အချိန်တိုအတွင်း ကြည်လင်ပြတ်သားသည့်ပုံရိပ်များကို ရယူနိုင်ပြန်သဖြင့် သတင်းရယူမှုစွမ်းရည်လည်း ပိုမိုမြင့်မားသည်။

ထို့ကြောင့်၊ အလွန်နိမ့်သော ကမ္ဘာပတ်လမ်းကြောင်းသွား ဂြိုလ်တုများကို လေ့လာမှုအမျိုးမျိုးတို့တွင် များစွာအသုံးပြုလာကြတော့မည့် အလားအလာကောင်းများရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here