ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ထိန်းသိမ်းခံထားရသည့် လွတ်ရက်စေ့မြန်မာနိုင်ငံသားများကို ပြန်ပို့​

0
133

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိလူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစင်တာ (Immigration Detention Centre IDC) မှ လွတ်ရက်စေ့မြန်မာနိုင်ငံသား ၁၃၈ ဉီးကို ယနေ့ (မတ်လ ၂) တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ မြန်မာနိုင်ငံသားများကို နှစ်နိုင်ငံချစ်ကြည်ရေးတံတား၌ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံရှိ အချုပ်ခန်းတွင်း ပြည့်ကျပ်နေပြီး သုံးရေမလုံလောက်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရသဖြင့် အလုပ်သမားများက ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ တွင် အစာငတ်ခံဆန္ဒပြခဲ့ကြသည့် ဖြစ်စဥ်များလည်း​​ပေါ်ပေါက်ခဲ့သည်။

ယင်းနောက်ပိုင်းတွင်ထိုင်းနှင့်မြန်မာအာဏာပိုင်များက ညှိနှိုင်း၍ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းသို့ MOU လုပ်သားများအပါအဝင် တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်သူများစွာရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် အချုပ်ကျနေသူများလည်းရှိနေကြောင်း၊ ယင်းတွင်တရားမဝင်ရွှေ့ပြောင်းအလုပ်သမားအများစုပါဝင်ကြောင်း သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် အချုပ်ထဲသို့ရောက်နေသည့်သူများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများလည်းပါဝင်ကြောင်း၊ ယင်းကြောင့် အချုပ်ထဲတွင် သောက်သုံးရေလုံလောက်စွာမရရှိခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝမရရှိခြင်းတို့ကြောင့် အခက်အခဲများစွာကြုံတွေ့နေရကြောင်း အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်နေသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here