အောင်မြေသာစံမြို့နယ်တွင် စကူပီဆိုင်ကယ်စီးလာသည့် ဥပဒေဒုတိယနှစ်ကျောင်းသားတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

0
359

မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်၊ဒေါနဘွားရပ်ကွက်တွင် စကူပီဆိုင်ကယ်စီးလာသည့် ဥပဒေ ဒုတိယနှစ်ကျောင်းသား မောင်အောင်မျိုးမြတ် (၂၀)နှစ်သည် မတ် ၂ ရက်(ယနေ့)နေ့လည်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

ယနေ့နေ့လည် ၁ နာရီခန့်က အမည်မသိအမျိုးသား ၂ ဦးက အောင်မြေသာစံမြို့နယ်၊ဒေါနဘွားရပ်ကွက်၊ ၁၀ လမ်း၊ ၆၂ လမ်းထောင့်တွင် စကူပီဆိုင်ကယ်စီးလာသည့် ဥပဒေဒုတိယနှစ်ကျောင်းသား မောင်အောင်မျိုးမြတ်(၂၀)နှစ်အား သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် မောင်အောင်မျိုးမြတ်၏ ယာနားအောက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းအား လူမှုကူညီရေးအသင်းကားဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“သေဆုံးတဲ့ကောင်လေးက ပုသိမ်ကြီးမြို့နယ်မှာနေတာ ရတနာပုံတက္ကသိုလ်မှာ ဒုတိယနှစ် ဥပဒေတက်နေတဲ့ကောင်လေးပါ အကြောင်းရင်းကတော့စုံစမ်းဆဲပဲ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here