မော်တင်စွန်း ဘုရားပွဲ​တော် တ​ပေါင်းလပြည့်​နေ့တွင်ပြီး​သော်လည်း ဘုရားသို့ပုံမှန်​ပြေးဆွဲမည့်သင်္ဘောရှိသလို​တည်းခိုခန်းများလည်းမိုးမကျမီထိဖွင့်

0
263

မဟာမကုဋရံသီ ဆံ တော်ရှင် မြတ်မော်တင်စွန်း​စေတီတော်မြတ်ကြီး ၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၁၉ ရက်မှစတင်၍ကျင်းပ​နေရာ ဘုရားဖူးများစည်ကားလှ​ကြောင်း ပုသိမ်သ​င်္ဘောဆိပ်တွင်ပင်မြင်နိုင်သည်။

မတ် ၅ ရက်အထိပွဲ​တော်ကျင်းပမည်ဖြစ်သည့်အတွက် ပိတ်ရက်နီးလာလေ ​စျေးသည်များက ကုန်လက်ကျန်​လျော့​စျေးဖြတ်​လေ မို့ ယခုရက်ပိုင်း​တွေက ပိုစည်​နေသလိုပင်။

ကားဖြင့်သွားပါက ပုသိမ်-ငွေဆောင်ကားလမ်း၏ မိုင်တိုင်အမှတ် ၉၅/၆ လမ်း ခွဲမှတဆင့် စေတီတော်ကြီး၏ရင်ပြင်သို့​ရောက်သည်။

“လမ်းကောင်းပါတယ်။

ကျမတို့က ပုသိမ်အထိကားနဲ့သွားပြီး  ညနေ၆နာရီခွဲမှာ သင်္ဘောစီးပြီးသွားတာပါ။တိုက်ရိုက်ကားနဲ့လာကြတဲ့လူတွေလည်းအများကြီးပါ။

ရန်ကုန်ပုသိမ် ၄ နာရီ ပုသိမ်မော်တင်စွန်ူး ၅ နာရီမောင်းရတယ်တဲ့။ လမ်းကအတတ်အဆင်းအကွေ့များတယ်ပြောပါတယ်။သ​င်္ဘောကရိုးရိုးလည်းရှိတယ်၊အခန်းကတော့ကြိုဝယ်ရပါတယ် အိပ်စင်ပါ ၂​ယောက်အိပ်ခန်းကို ၃၆၀၀၀ ကျပါတယ်”ဟု ​မော်တင်စွန်း​ရောက်​နေသည့် ဘုရားဖူးသူတစ်ဦး က ​​ပြောသည်။

ပွဲတော်ကာလအတွင်း ဘုရားဖူးလာရောက်သူများအဆင်ပြေစေရန် ရေလမ်းခရီးအတွက် ကမ်းရိုးတန်းရေယာဥ်များ၊ကုန်းလမ်းခရီးအတွက် အဝေးပြေးခရီးသည်တင်(Express) ကားများပြေးဆွဲလျှက်ရှိသည်။

ဘုရားပွဲပြီးသွားပါကလည်း ​ဟော်တယ်များကဆက်လက်ဖွင့်​နေမှာဖြစ်ပြီး စား​ရေးမခက်ခဲဟုဆိုသည်။သင်္ဘောက ပွဲ​တော်ရက် ဆိုလျှင် တ​နေ့  ၆စီး​လောက်ဆွဲတတ်ပြီး ပွဲ​တော်ပြီးပါက တရက် ၂စီးပုံမှန်ဆွဲ​လေ့ရှိ​ကြောင်း ​ဒေသခံတစ်ဦးက​ပြောသည်။ပုသိမ်က​နေသင်္ဘောကို ည​နေစီးလာပါကဘုရားသို့ မနက်အ​စော​ရောက်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here