မလေးရှား၌ မြန်မာတစ်ဦး လုပ်ငန်းခွင်အတွင်းမတော်တဆ​ကြောင့်သေဆုံးရာ ယနေ့ သဂြိုလ်

0
253

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ကိုကျော်မြင့်ဦး(၄၀)နှစ်သည် လုပ်ငန်းခွင်အတွင်း၌ မတော်တဆဖြစ်၍ သေဆုံးသွားခဲ့သည်ဟု မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

ကိုကျော်မြင့်ဦးသည် မလေးရှားနိုင်ငံ၊စလန်းကောပြည်နယ်၊စမုံ့ညှင်းမြို့တွင် အလုပ်လုပ်ကိုင်နေခြင်းဖြစ်ကာ ဖေဖော်ဝါရီ ၂၄ ရက်က လုပ်ငန်းခွင့်အတွင်း မတော်တဆမှုဖြစ်ပွားပြီးနောက် ကာချမ်းဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဥ်ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ ကိုကျော်မြင့်ဦး၏ ရုပ်အလောင်းအား မတ် ၃ ရက်(ယနေ့)နံနက် ၁၁ နာရီတွင် ချဲရပ်သုဿန်တွင် မီးသဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။

ကိုကျော်မြင့်ဦးသည် မကွေးတိုင်း၊အောင်လံမြို့နယ်၊ရွာသာကုန်းကျေးရွာမှ လာရောက်အလုပ်လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

Photo-မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)


LEAVE A REPLY

Please enter your comment!
Please enter your name here