မိုးညှင်းတွင် ဆိုင်ကယ်နှင့် တွဲကားမျက်နှာချင်းဆိုင်တိုက်မိပြီး ကလေးငယ်တစ်ဦး အပါအဝင် ဆိုင်ကယ်ပေါ်မှ (၃) ဦးလုံးသေဆုံး

0
198

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မတ် (၂) ရက် နံနက်ပိုင်းက ဆိုင်ကယ်နှင့် တွဲကား မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်ပေါ်တွင်ပါလာသည့် ကလေးငယ်တစ်ဦး အပါအဝင် (၃) ဦး သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ နံနက် (၁၀) နာရီဝန်းကျင်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာအနီးရှိ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် အသက်(၆) နှစ်အရွယ်ရှိ ကလေးငယ် (၁) ဦးအပါအဝင် အမျိုးသား (၃) ဦးစီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်နှင့်တွဲကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ဘီလူးမြို့နယ်၊ အင်းကုန်းကျေးရွာနေ သားအဖနှစ်ဦးဖြစ်သည့် ဦးကျော်ဆန်း(၄၀)နှစ်၊ မောင်ကောင်းခန့်ပိုင် (၆)နှစ်နှင့် အမည်၊အသက်၊ နေရပ်လိပ်စာ (စစ်ဆေးဆဲ) အမျိုးသားတစ်ဦးတို့မှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

” (၃) ယောက်လုံး သေဆုံးသွားခဲ့ပါတယ်။ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် တိုက်မိသွားတာလို့ သိထားတယ် ။တွဲကားမောင်းတဲ့လူကို ရဲစခန်းမှာ ဖမ်းထားပါတယ်”ဟု ဒေသခံ လူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

သေဆုံးသူ (၃) ဦး၏ ရုပ်အလောင်းများအား လူမှုကူညီရေးအသင်းကားများဖြင့် မိုးညှင်းမြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here