ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူတော်မူမည့် ပြည်တွင်း/ပြည်ပမှ ဆရာတော်ကြီးများနှင့်သီလရှင်ဆရာကြီးများအား နစက ဥက္ကဋ္ဌနှင့်ဇနီး နေ့ဆွမ်းဆက်ကပ်

0
239

နက်ဖန် တ​ပေါင်းလပြည့်တွင် ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် ပြည်တွင်း/ပြည်ပမှ ဆရာတော်ကြီးများနှင့်သီလရှင်ကြီးများသည် ​နေပြည်​တော်သို့ ​ရောက်ရှိ​နေကြပြီဖြစ်သည်။

ဘွဲ့ခံ ဆရာ​တော်ကြီးများနှင့်သီလရှင်များအား နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ယ​နေ့တွင် နေ့ဆွမ်းဆက်ကပ်ခဲ့ကြသည်။

အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌမြင်းခြံမြို့၊ကိုးဆောင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဇောတိကပါလနှင့်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊သီဟိုဠ်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရ တို့အမှူးပြုသည့် ပြည်တွင်း/ပြည်ပဘွဲ့ခံ ဆရာတော် ၁၃၁ ပါးနှင့်ဘွဲ့ခံသီလရှင်ဆရာ ကြီး ၃ ပါးတို့အား မတ် ၃ ရက်နံနက်ပိုင်းက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ဆက်ကပ်ခဲ့ခြင်းဖြစ် သည်။

နစက ဥက္ကဋ္ဌမှ သာသနာ့မဟာဗိမာန်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊သစ်သီး၊ပန်းမန်၊သောက်တော်ရေချမ်းနှင့် ဆီမီးကပ်လှူပူဇော်ပြီးနောက် မြင်းခြံဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့က မြင်းခြံဆရာတော်ကြီးထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကာ တာဝန်ရှိသူများမှလည်း ကြွရောက်တော်မူလာကြသည့် သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့ပြင် နစက ဥက္ကဋ္ဌ၏ဇနီးနှင့် နစက ဒု-ဥက္ကဋ္ဌ၏ ဇနီးတို့မှ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် သီလရှင်ဆရာကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ကျောက်မဲမြို့၊သီဟိုဠ်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ကြီးထံမှ အနု မောဒနာတရားနာယူ၍ အဖိတ်​နေ့ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြပြီးနောက် ဆရာတော်ကြီးများနှင့်သီလရှင်ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here